အပိုင်း -၂၆၅

706 48 0
                                    

Unicode

အပိုင်း - ၂၆၅ နားလည်မှုလွဲမှာ ကြောက်သွားတယ်။

မုရှောင်းရှောင် က သူမတို့ကို အေးစက်စွာ လှောင်ပြောင်ပြောဆိုလိုက်ပြီး

"မိန်းကလေးနဲ့ ယောက်ျားလေးတွေကြားမှာ သာမာန် ခင်မင်တဲ့  ခံစားချက် ဘာကြောင့် မဖြစ်နိုင်ရတာလဲ။ နင့်မှာ ရင်းနှီးတဲ့ ယောက်ျားလေး သူငယ်ချင်း မရှိဘူးလား။ မရှိရင်တောင် ဒီလောက်ကြီး ကျယ်ကျယ်လုပ်ပြောဖို့ လိုအပ်လို့လား  !"

“အဲလိုမဟုတ်ဘူး…”

ကောင်မလေးများ ထိတ်လန့်စပြုလာသည်။

မုရှောင်းရှောင် ရယ်မောလိုက်သည်။ သူမက ဟန်ချီချင်ကို လက်ညှိုးထိုးပြပြီး

"ဒါဆို ဘာလဲ။ ဟန်ချီချင် က ယင်းရှောင်ကျဲ၊ စုန့်ရှီကျွင်းတို့ နဲ့ ရင်းရင်းနှီးနှီး မကြာခဏ ဆက်ဆံနေတာကြောင့် သူတို့ အပေါ်  အချစ်ရေးခံစားချက်တွေ ရှိနေတာလား"

ဟန်ချီချင် သည် ရွံရှာသော မျက်နှာထားဖြင့်

"ဥပမာ က မိုက်တယ် ကျေးဇူးပဲ !"

သူမကပြောသည်

မုရှောင်းရှောင် က ဆက်ပြောတယ်

“မိန်းက‌လေး သူငယ်ချင်းထက်  ယောက်ျားလေး သူငယ်ချင်း ပိုများတဲ့ မိန်းကလေးတွေလဲ  ရှိပါတယ်။ သူတို့အားလုံးကိုလဲ  အချစ်ရေးခံစားချက်ရှိတယ်လို့ ပြောချင်တာလား။ အဲလို လိုက်တွေး‌နေတာ မပင်ပန်းဘူးလား နင်တို့ ဟင် ????"

မိန်းကလေးများသည် သူမ၏စကားကြောင့် စကားမပြောနိုင်ဘဲ ဖြူဖျော့သွားကြသည်။ စိုးရိမ်တကြီးနဲ့ သူတို့က

"ဒါဆို နင် နဲ့ သခင်လေးကျဲကကော။နင့်တို့ရဲ့ဆက်ဆံရေးကရော  ဖြူစင်တဲ့ သူငယ်ချင်း ဟုတ်လို့လား"

မုရှောင်းရှောင် က မျက်လုံးပြူးသွားသည်။

ဒီမိန်းကလေးတွေကို သေသေချာချာရှင်းပြဖို့ကြိုးစားမိတာ နောင်တရသွားခဲ့သည်။

ဒါဆို ယင်းရှောင်ကျဲ နဲ့ သူမရဲ့ ဆက်ဆံရေးဟာ သာမာန် သူငယ်ချင်း ဆက်ဆံရေး  သက်သက်မဟုတ်ရင်ကော။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now