Unicode
အပိုင်း- ၁၇၆ ပြန်တွဲခြင်း မဟုတ်
သို့တိုင် မည်သူက အမှန်တကယ် ထိန်းချုပ်ခဲ့သည်ကို မေ့လျော့နေခဲ့ကြသည်။ ယင်းရှောင်ကျဲ သည် သူမအား မကြာခဏ အလျော့ပေးလေ့ရှိသည်။သို့သော်လည်း မုရှောင်းရှောင်သည် ငယ်ရွယ်သေးပြီး သူမအတွက် လက်ထပ်ခြင်းသည် ရုတ်ချည်းဆန်ကာ အလွန်အလှမ်းဝေးသေးသော ဖြစ်ရပ်တစ်ခုဖြစ်သည်။ ထို့ကြောင့် သူမသည် ထိုကိစ္စကို သိပ်အလေးမထားဘဲ မြန်မြန်ပဲ မေ့ပစ်လိုက်လေသည်။
ယင်းရှောင်ကျဲ က မုရှောင်းရှောင်ကိုကြည့်ပြီး
"ဒါဆို မင်းလည်း နောက်ဆို အရမ်းခေါင်းမာလို့မရဘူး၊ သူငယ်ချင်းဖွဲ့တဲ့အခါ ပိုသတိထားသင့်တယ်"
လို့ပြော လေသည်။
ဥပမာအားဖြင့်၊
လုရိချန် နဲ့ သူငယ်ချင်းမဖွဲ့ခင် သူနဲ့အရင်တိုင်ပင်ပြီး
ကောင်းလားဆိုးလား သူပြောပြပေးပြီးမှ မိတ်ဆွေဖွဲ့တာ ပိုမကောင်းဘူးလား ?သူ့ကိုယ် ဆန့်ကျင်ဖို့ ကြိုးစားတာ မဟုတ်ဘဲနဲ့ ပေါ့။မုရှောင်းရှောင် က သူမတို့ ထပ်ပြီး ငြင်းခုံရကို ကြောက်တဲ့အတွက် ဒါကို ထပ်မဆွေးနွေးချင်တော့။
သူမ အမေရိကားမှာ ကြာကြာနေခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သူမ သူငယ်ချင်းဖွဲ့တာက သူ့စိတ်ဆန္ဒအတိုင်း လုပ်ချင်ရုံ။ စဉ်းစားရမည့် တစ်ခုတည်းသော မေးခွန်းမှာ သူမက ထိုလူကို သူငယ်ချင်းအဖြစ် လိုချင်သလား မလိုချင်ဘူးလားဆိုတာပင် ။ ခင်မင်ရင်းနှီးမှု တစ်ခုသည် တွက်ချက်ပြီးမှ ခင်မင်ရတာမျိုး မဟုတ်ပေ ။ လုံး၀ မဖြစ်သင့်။
လုရိချန်ကို ပထမဆုံးတွေ့ပြီးချိန်ကနေ အခုအချိန်အထိ သူ့နဲ့ ပေါင်းသင်းရတာ် တကယ်ကို အဆင်ပြေသည် ။ သူမ၏ ပင်ကိုယ်အသိက လုရိချန်သည် သူငယ်ချင်းကောင်းတစ်ဦးဖြစ်လာမည်ဟု သူမအား ပြောပြခဲ့ပြီး၊ နောက်ဆုံးတွင် သူမ၏ဘဝတွင် အမှန်တကယ်အရေးပါလာမည့်သူ ဖြစ်လာနိုင်သည်ဟု သူမအား ပြောပြ နေသလိုပင်
သို့သော် ယင်းရှောင်ကျဲ သူ့ဒေါသများ ပြန်ထွက်လာမည် စိုး၍ သူမသည် ဒါကို ထပ်မပြောဝံ့ပေ။
YOU ARE READING
ချစ်ခြင်းဘီလီယံ 2 ( Billion of Pampering Only For You 2 )
RomanceThis Novel is not my owned. I am just translate it to Myanmar .(Unicode +ZawGyi) All Credits give to the owner . I don't own any creations . All creations go to original author and Eng translators. ချစ်ခြင်းဘီလီယံ 2 ငယ်ပေါင်းကြီးဖော်တွေဖြစ်တဲ့...