အပိုင်း - ၁၅၆

1.2K 102 1
                                    

Unicode

အပိုင်း -၁၅၆ သူမကို ဘယ်လို ဒေါသထွက်စရာတွေ လုပ်ခဲ့သလဲ။


ကောင်းကင်ကြီး မှောင်လာသည်နှင့်အမျှ ယင်းရှောင်ကျဲ  ပိုပို၍ စိတ်ပျက်လာသည်။ ယင်းမိသားစုကနေ တစ်စုံတစ်ဦးက  ချက်ပြုတ်ထားသော စွပ်ပြုတ်ကို ပေးပို့ထားပြီးဖြစ်ကာ အခြားဟင်းလျာများလည်း ပါဝင်သည်။

ယင်းရှောင်ကျဲ စားပွဲပေါ်ရှိ များပြားလှသော ဟင်းအမယ်များကို လေ့လာကြည့်‌တော့ အများစုမှာ မုရှောင်းရှောင် အကြိုက်ဆုံးဟင်းများဖြစ်သည်။ သူမ ယခင်က သူ့နေအိမ်တွင် အချိန်အတော်ကြာ နေထိုင်ခဲ့ပြီး အိမ်အကူများနှင့်လည်း ဆက်ဆံရေး ကောင်းမွန်သည်။ ထို့ကြောင့် ယင်းအိမ်တော့ရဲ့ ထမင်းချက်သည် သူမနှစ်သက်သောဟင်းလျာများကို သိပြီး သူမနှစ်သက်သော ဟင်းများကို မကြာမကြာ ချက်ပြုတ် ပေးလေ့ရှိသည်။မုရှောင်းရှောင် သည် ချစ်စဖွယ်ကောင်းပြီး သူမကိုယ်တိုင် တော့ သတိမထားမိသည့်တိုင် လူအများ၏နှလုံးသားကို အလွယ်တကူဖမ်းစားနိုင်ခဲ့သည်။  ယင်းမိသားစုရဲ့ အချစ်တော်လေးဆိုလဲ ဟုတ်သည်ာ ယင်းရှောင်ကျဲ  စိတ်ပျက်အားငယ်မှုကို ပို၍ ပို၍ ခံစားလာရသည်။ နက်မှောင်သော မှင်ရောင်မျက်လုံးများက နံရံပေါ်ရှိ နာရီဆီသို့ လှမ်းကြည့်လိုက်သည်။ ညစာစားချိန်လွန်နေပြီဖြစ်သော်လည်း မုရှောင်းရှောင် ကို မည်သည့်နေရာမှ မတွေ့မြင်ရသေးပေ။

D*mmit! အိမ်ပြန်ဖို့ အစီအစဉ် မရှိဘူးလား။

ယင်းရှောင်ကျဲ က သူမကို အိမ်ကို ဆွဲခေါ်လာပြီး ဆူပူပစ်ချင်နေသည် ။

စကားတစ်ခွန်းမှ မပြောဘဲ အိမ်ကနေ ဘယ်လိုလုပ် ထွက်ပြေးနိုင်ရတာလဲ။ ဘယ်မှာရှိ နေတာလဲ၊ ဘယ်သူနဲ့ရှိ နေတာလဲဆိုတာကို မတွေးဘဲ မနေနိုင်တဲ့  သူ့ရဲ့စိတ်ကို ချုပ်တည်းထားလို့မရ။ လုမျိုးရိုးနဲ့ကောင်စုတ်ကို သူမသွားရှာ ဖြစ်နိုင်မလား။ ယင်းရှောင်ကျဲရဲ့ ဦးနှောက်ထဲရှိ သွေးကြောများသည် ထိုအတွေးဖြင့်  ထိတ်လန့် တုန်လှုပ်သွားရသည်။

ကောင်းတယ်!

ဒီအခြေအနေမှာ သူမ ဒီကောင်နဲ့  သွားတွေ့ဖို့ သတ္တိရှိသေးရင် သူသေချာပေါက်...

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now