အပိုင်း ၂၆၄

690 51 0
                                    

Unicode

အပိုင်း ၂၆၄  - ကျေးဇူးပြု၍  စီနီယာရိချန်ကို သွေးဆောင်ဖြား ယောင်းနေတာကို ရပ်ပေးပါ။

မုရှောင်းရှောင်၏ သဘောထားသည် ဤမျှ နူးညံ့နေလိမ့်မည်ဟု မမျှော်လင့်ထားတာ‌ကြောင့် ၊  မိန်းကလေးတစ်ယောက်က စတင်ကာ

"မုရှောင်းရှောင်၊ နင်  စီနီယာရိချန်ကို သွေးဆောင်ဖြား ယောင်းနေတာတာကို ရပ်လိုက်နိုင်မလား?"

ဒါကိုကြားတော့ မုရှောင်းရှောင် က သူ့ကိုယ်သူ ယောင်ချာချာနဲ့ ထောက်ပြလိုက်မိသည်။

"ငါက... လုရိချန်ကို သွေးဆောင်ဖြား ယောင်းနေတယ်လို့ နင် ပြောနေတာလား"

ဒါက ဘယ်လိုမှ အဓိပ္ပါယ်မရှိဘူး!

ဒါကိုကြားတော့ ဟန်ချီချင် လည်း မျက်မှောင်ကြုတ်သွားတယ်။ သူမထက်  တစ်နှစ်ကျော် ငယ်တဲ့  မိန်းကလေးများကို

“ဘာတွေ လာပြောနေတာလဲ”

ဟု စိတ်မရှည်စွာ ဟောက်လိုက်သည်။

မိန်းကလေး အနည်းငယ် ကြောက်လန့်တကြား ပြန်ဆုတ်သွားကြသည်။

“ စီနီယာ အစ်မချီချင်…”

မုရှောင်းရှောင် က သူတို့ မှားနေပြီဆိုတာ သိပေမယ့် ဖြစ်ပျက်နေတာကို နားလည်ချင်တာကြောင့် ဟန်ချီချင် ကို တားလိုက်တယ်။

"ငါ လုရိချန် ကို သွေးဆောင်ဖြား ယောင်းနေတယ်လို့ နင်တို့ ဘာလို့ထင်ရတာလဲ"

မုရှောင်းရှောင် သည် သခင်လေးကျဲ၏ အကာအကွယ်အောက်တွင်ရှိပြီး သူမအား နိမ့်ချစွာ  ဆက်ဆံခြင်း ကန့်ကွက်ထားကြောင်း တစ်ကျောင်းလုံး ကောင်းစွာသိရှိခဲ့သည်။

ဤမိန်းကလေးများသည်  အစောပိုင်းက မုရှောင်းရှောင်ကို ရန်စရန် အမှန်တကယ် ကြောက်ရွံ့ခဲ့ကြသော်လည်း ကြာတော့ မခံမရပ်နိုင်ဖြစ်လာကြကာ သတ္တိလဲ ရှိလာခဲ့သည်။

မုရှောင်းရှောင် ၏အမေးကိုကြားသောအခါ ကောင်မလေးများသည် တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြသည်။ သူမတို့ထဲက တစ်ယောက်က

“မုရှောင်းရှောင်၊ နင့်မှာ သခင်လေးကျဲ ရှိနေပြီ မဟုတ်လား? ကျေးဇူးပြုပြီး စီနီယာရိချန် ကို လွှတ်ပေးနိုင်မလား။ သူက နင် စိတ်ကြိုက် ဆော့ကစားရမယ့်  အရုပ်မဟုတ်ဘူး"

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now