အပိုင်း - ၁၁၅

1.7K 155 11
                                    

Unicode

အပိုင်း - ၁၁၅ အတွေးပုံရိပ်များ

မုရှောင်းရှောင်  ဟက်ဟက်ပက်ပက်ရယ်လိုက်ကာ မျက်ခုံးကိုပင့်ကာ သူ့ကိုကြည့်ရင်း

"ငါ့ကို စိတ်မပူဘူး ဟုတ်လား? နင် အခု အရမ်းစိတ်ပူ‌နေပြီး  လူတွေကို သတ်ချင်နေပုံ‌ ပေါ်နေရတာလဲ ?? အဲဒါ  ငါ့ကိုစိတ်ပူပေးနေတာမဟုတ်ဘူးလား? "

သူမသူ့ကို စနောက်နေတဲ့ပုံစံကိုစဉ်းစားမိရင်း ယင်းရှောင်ကျဲ အရမ်းပျော်သွားမိတယ်။သူထင်နေသလိုပင် သူမမှာ သူ့ပေါ်   ချွဲနေပြီး သူမချွဲနေတဲ့ ပုံစံလေးက ချိုမြိန်မှုနဲ့နွေးထွေးမှုတွေ အများကြီးပါ၀င် နေလိုသေးတယ်။

တကယ်တော့ ယင်းရှောင်ကျဲ သူမကိုဒီလောက်စိတ်ပူလိမ့်မယ်လို့မထင်ခဲ့မိ။ကြည့်ရတာ  သူတို့ငယ်စဉ်ကလေးဘဝကတည်းက အတူတကွ ကုန်ဆုံးခဲ့တဲ့အချိန်တွေဟာ အလဟသမဖြစ်ခဲ့

"ငါတကယ်ပြောမယ်  ... မဟုတ်တာ‌တွေပြောနေတာကို ရပ်လိုက်‌တော့ ၊ အခု ဒီအကြောင်းကိုပြောရမယ့်အချိန်မဟုတ်ဘူး။ အခု မင်းနောင်တရ မရဘူးလား?"

ယင်းရှောင်ကျဲ အကြောင်းအရာကိုတမင်တကာပြောင်းလိုက်သောအခါ မုရှောင်းရှောင် သဘာဝသိပ်မကျဟု ထင်မိသည်။  သူက သူမကိုလှောင်ပြောင်ပြီး သူမကိုပြန်ပြော တော့ စကားလမ်းကြောင်းလွှဲတော့သည် ၊ သူမသည်လဲ ဆက်မပြောချင် တော့ပေ

မုရှောင်းရှောင် စောစောကဖြစ်ခဲ့တဲ့ အန္တရာယ်များလွန်းတဲ့
ဖြစ်ရပ်ကိုတွေးလိုက်စဉ် သူမက သက်ပြင်းမချဘဲ  မနေနိုင်တော့ဘဲ သက်ပြင်းသာချကာ

"ဒီမိန်းကလေးတွေကအရမ်းကြောက်စရာကောင်းတာပဲ .... အမေရိကန်မှာ ဒီလိုမျိုးငါတစ်ခါမှမကြုံဖူးဘူး"

ဟုပြောလိုက်သည်။

ယင်းရှောင်ကျဲ သူမကို မျက်လုံးများ ကျဉ်းမြောင်းကာ ကြည့်နေရင်း

"ပြန်လာမိတာကိုနောင်တရနေလား ?"

ဟုထူးဆန်းသောလေသံဖြင့်မေးသည်။

ယင်းရှောင်ကျဲကို သူမမော့ကြည့်လိုက်သောအခါ သူမ ကြောင့် အနည်းငယ်စိတ်ပျက်သွားသည်ကို သတိပြုမိသည်။  ဒါ့ကြောင့် သူမကလျင်မြန်စွာပြုံးပြီး

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now