အပိုင်း - ၁၁၆

1.7K 156 4
                                    

Unicode

အပိုင်း - ၁၁၆ မင်းက ငါ့ကို အပြစ်တင်နေတာလား?

မုရှောင်းရှောင် က ယင်းရှောင်ကျဲ  ထူးထူးခြားခြား ပြုမူနေသည်ဟု ထင်မိတာကြောင့် သူ့ကို သံသယ၀င်သလို ကြည့်လိုက်ပြီး

"နင် အခု နေ့ခင်းကြောင်တောင် ဘာ‌တွေ  အိပ်မက် မက်နေတာလဲ"

လို့ မမေးဘဲမနေနိုင်။

"ဘာမှမဟုတ်ဘူး"

ယင်းရှောင်ကျဲ ကတော့  ဘာမှဖြစ်မလာသလို ဟန်ဆောင်ပြီး အမျိုးသမီးဆရာဝန်ကို လှမ်းကြည့်ကာ

"ဒါဆို သူ့အခြေအနေ ဘယ်လိုနေလဲ"

လို့ မေးလိုက်‌လေသည် ။

အမျိုးသမီးဆရာဝန်က မုရှောင်းရှောင် ရဲ့ အပေါ်အင်္ကျီကို ချွတ်ချလိုက်ပြီး

“ကျွန်မရဲ့ ကနဦး စစ်ဆေးမှုအရဆို အတွင်းအင်္ဂါတွေမှာ ထိခိုက်ဒဏ်ရာရပုံ မပေါ်ပါဘူး။ ဒါပေမယ့် ဒီကျောင်းသူက  ဖုန်တွေနဲ့ ဖုံးလွှမ်းပြီး ပေနေတာကြောင့် တခြားနေရာတွေမှာ ဒဏ်ရာတွေ ရှိနိုင်ပါတယ်။ဒါ့ကြောင့် အသေးစိတ် စစ်ဆေးမှုတွေ လုပ်ချင်ပါတယ်"

"ဟုတ်ကဲ့ ကောင်းပါပြီ  ဒါဆို ဆက်လုပ်ပါ"

ယင်းရှောင်ကျဲ  ချောင်းဆိုးပြီး မတ်တပ်ရပ်လိုက်သည်။ ပြီးမှ
သူက မုရှောင်းရှောင်ကို

"မင်း ဒီမှာပဲနေခဲ့ဦး ၊ ငါ အပြင်မှာ အလုပ်ကိစ္စတစ်ခု သွားလိုက်ဦးမယ်  မြန်မြန်ပြန်လာခဲ့မယ်။ ထွက်မပြေးနဲ့ ဟုတ်လား"

"ကောင်းပြီ"

မုရှောင်းရှောင် ခါတိုင်းနဲ့မတူဘဲ  နာခံစွာ ပြန်ဖြေသည် ။

ယင်းရှောင်ကျဲ  သူမ၏အဖြေကိုကြားပြီးနောက် ကျေနပ်သွားပြီး အမျိုးသမီးဆရာဝန်ကိုကြည့်ကာ

"သူမကို သေချာဂရုစိုက်ပေးပါ"

ဟု သတိပေးသည်။

"နားလည်ပါတယ် သခင်လေးကျဲ စိတ်မပူပါနဲ့"

ဟု အမျိုးသမီးဆရာဝန်က လေးလေးနက်နက် ပြန်ဖြေ‌လေသည်။

အဲစကားကြားမှဘဲ  ယင်းရှောင်ကျဲက စိတ်သက်သာရာရသွားပြီး ကျောင်းဆေးခန်းမှ ထွက်လာခဲ့သည်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now