အပိုင်း - ၂၀၀

1.4K 104 1
                                    

Unicode
အပိုင်း - ၂၀၀  ငါမပါဘဲ  မင်းမလုပ်နိုင်ဘူး


ထို့နောက်မုရှောင်းရှောင်က သူ့ကို တွန်းထုတ်ပြီး အိမ်ထဲသို့ ပြေးသွားခဲ့သည်။

"မင်း လူဆိုးမလေး !"

ယင်းရှောင်ကျဲ သည် သူ့ ခြေတံရှည်များဖြင့် သူမနောက်သို့ အမြန်လိုက်လာသည်။

"အိုက်!"

မုရှောင်းရှောင်က တံခါးကို ဖြတ်လျှောက်ပြီးချင်းချင်း   ယင်းရှောင်ကျဲ သူမကို ဖမ်းမိသွားပြီး နံရံမှာ ဆွဲကပ်လိုက်တယ်။ သူ့လက်တွေကို နံရံမှာ ထောက်လိုက်ပြီး မုရှောင်းရှောင်ကို  ပိတ်ထားလိုက်သည်။

"ခုနက ဘာပြောလိုက်တာလဲ၊ ထပ်ပြောကြည့် လေ"

ယင်းရှောင်ကျဲ စွဲမက်ဖွယ် ပြုံးနေသော်လည်း သူ့မျက်လုံးများက သူမကို စိုက်ကြည့် နေကာ အန္တရာယ်ရှိသော ခံစားချက်ကို ပေးစွမ်း နေသည်။

"ဟီး ဟီး "

မုရှောင်းရှောင် က စကားမပြောဘဲ ရယ်မောရင်း သူမမျက်တောင် လေးတွေကို အပြစ်ကင်းစွာဖြင့် ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး

"စောစောက ငါဘာပြောခဲ့တာလဲ ငါမေ့သွားပြီ!"

ယင်းရှောင်ကျဲ ၏ ချောမောသော မျက်နှာသည် သူမ၏ မျက်နှာလေးနှင့် စင်တီမီတာ အနည်းငယ်မျှသာ ကွာဝေးသည် ။


သူ၏ ဆွဲဆောင်မှုရှိသော နှုတ်ခမ်းများသည် ပျော့ပျောင်းသော အပြုံးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ ဆွဲဆောင်မှုရှိသော အသံသည် တယောကဲ့သို့ သာယာနေလေသည်။

"အိုး? မင်းမေ့သွားပြီလား"

မုရှောင်းရှောင် သူမမျက်လုံးကြီးတွေကို ကျယ်ကျယ်ဖွင့်ပြီး  ပြုံးပြရင်း အစားအစာကို ကောက်နေတဲ့  ကြက်ကလေးလို တစ်ဆတ်ဆတ် ခေါင်းညိတ်ပြရင်း

"တကယ်မေ့သွားပြီ။ Aiyoh၊ ငါ့မှတ်ဉာဏ်တွေ ပိုဆိုးလာပုံရတယ်။"

သူမကို  ပိတ်လှောင်ထားတဲ့ ယောက်ျားရဲ့ ရနံ့က သူမကို လွှမ်းမိုးနေပြီး သူမ နှလုံးခုန်နှုန်းကလဲ  မမှန်မကန် ခုန်နေတာကိုသာ ခံစား နေမိသည် ။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now