အပိုင်း - ၁၃၀

1.6K 130 9
                                    

Unicode

အပိုင်း -၁၃၀  ကိုယ့်ရဲ့ ထင်မြင်ယူဆချက်က  မှန်ကန်ပုံရသည်။


"ရှောင်းရှောင်နဲ့ ရှင်  မင်းဘယ်လိုလုပ်သိတာလဲ? "

သူမအကြည့်တွေက လုရိချန်အပေါ်မှာ စူးစူးစိုက်စိုက်စိုက်ရှိနေပြီး မေးခွန်းထုတ်လိုက်မိသည်။

သူမနဲ့ ရင်းနှီးတဲ့ မုရှောင်းရှောင် တောင်မှ သူမ အကြည့်တွေရဲ့  အပူဒဏ်ကို ခံစားနိုင်သည်။

ဒါကြောင့်  မုရှောင်းရှောင် မလွှဲမရှောင်သာ သိချင်နေခဲ့မိသည်။ ဟန်ချီချင် က လုရိချန်ကို ကြိုက်နေတာလား?

မုရှောင်းရှောင် ဟန်ချီချင် ကို ဆွဲလိုက်ပြီး ခေါင်းခါရင်း

"နင့်အကြည့်တွေကို ထိန်းထားပေးနိုင်မလား? ။ နင် အရမ်းကို သိသာနေတယ်!"

"ရှောင်းရှောင် မြန်မြန်ပြောပြ၊ နင်နဲ့ လုရိချန် က ဘာတွေလဲ? ၊ နင်တို့ ဘာလို့ အတူတူထိုင်ပြီး စားသောက်နေရတာလဲ? ။ နင်တို့ ချိန်းတွေ့နေတာလား? "

ဟန်ချီချင်  ဤဖြစ်နိုင်ခြေကို ရုတ်တရက် တွေးပြီး မုရှောင်းရှောင်အား ကြေကွဲစွာ ကြည့်လိုက်သည်။

"မဟုတ်ပါဘူး! အဓိပ္ပါယ်မဲ့ မေးခွန်းတွေ မေးပြီး အချိန်တွေ  မဖြုန်းတီးနဲ့။"

လေထုက အနည်းငယ် အဆင်မပြေသလို ခံစားလိုက်ရသဖြင့် သူမက

" ရှောင်ချင်၊ နင် အရင် သွားသင့်တယ်၊ နောက်တစ်ခါ ငါရှင်းပြ ပေးမယ်။ ဒီမှာ ဒုက္ခမပေးနဲ့တော့ ဟုတ်ပြီးလား "

ဟန်ချီချင်အား  မုရှောင်းရှောင် မတ်တပ်ရပ်နေသည့် အနေအထားဖြစ်အောင် အရောက် တွန်းပို့လိုက်တာ ကြောင့် သူမက နှုတ်ခမ်းစူပြီး

"ကောင်းပြီ... ငါအရင်သွား တော့မယ်။ ညကျရင် ဖုန်းဆက်လိုက်မယ် "

"အိုကေ ဘိုင့်ဘိုင်  !"

မုရှောင်းရှောင်  သူမမျက်နှာပေါ် ချိုမြသောအပြုံး လေး ပြုံးကာဖြင့် နှုတ်ဆက် လက်ပြလိုက်သည်။

ဟန်ချီချင်  ထွက်သွားသောအခါမှ သူမ သက်ပြင်းတစ်ချက်ချမိလိုက်သည်။ပြီးမှ လုရိချန် ရှိနေသေးကြောင်း အမှတ်ရသွားပြီး

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now