အပိုင်း - ၂၀၆

1K 71 0
                                    

Unicode

အပိုင်း - ၂၀၆ သူ နင့်ကို ကြိုက် နေတယ်


ယင်းရှောင်ကျဲသည် မုရှောင်းရှောင် နှင့် ကြီးပြင်းလာသော်လည်း သူမပြုလုပ်သော မည်သည့်အရာကိုမျှ မမြည်းစမ်းဖူးပေ။
ဒီကောင်က ဘာလုပ်ချင်နေတာလဲ!

တော်သေးတာက မုရှောင်းရှောင်က ယင်းရှောင်ကျဲကို နားလည်ပြီး တစ်ချက်ကြည့်လိုက်တာနဲ့ သူ ဒေါသနဲ့ ပေါက်ကွဲတော့မယ်ဆိုတာ သိလိုက် လေသည်။ဒါ့ကြောင့် ခပ်မြန်မြန်ပဲ  သူမက

"မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဒါကို အိမ်မှာရှိတဲ့ ထမင်းချက်က ပြင်ဆင်ထားတာ။ကျွန်မ  လုံးဝ မချက်တတ်ဘူး၊  မီးဖိုချောင်အလုပ်ထဲမှာ ညံ့ချက်ပဲ..."

လို့ ပြော ရင်း သူမဘေးက ဟန်ချီချင်ကို လှမ်းကြည့်လိုက်ကာ  ပြုံးလျက်

"ချီချင် နဲ့ မတူဘူး။ ချီချင် က အရမ်းမိုက်တယ်။ သူမအမေက ကြယ်ငါးပွင့် စားဖိုမှူးတွေနဲ့ ချီချင်ကို ချက်နည်းပြုတ်နည်း အကြောင်း ယငယ်ငယ်ကတည်းက သင်ယူစေခဲ့တာဆိုတော့ သူ့အစားအစာတွေက တကယ်အရသာရှိတယ်! အခွင့်အရေးရတုန်း ရှင်  သူမ ချက်ထားတာကို စားကြည့်သင့်တယ်၊ မဟုတ်ရင်  ရှင်နောင်တရမှာ သေချာတယ်!"

သူမက လုရိချန် ကို မျက်လုံးပြူးရင်း ကြည့်ပြီး ဟန်ချီချင်ရဲ့ ၏ ယာဂု( ဆန်ပြုတ်)စားရန် စောင့်နေသည်။

သို့သော် လုရိချန် သည် သစ်သားတုံးကဲ့သို့  တုံးမနေပုံရပြီး  လုံး၀ လျစ်လျူရှုထားကာ သူ့အကြည့်များက သူမလက်ပေါ်တွင် စွဲမြဲနေဆဲဖြစ်သည်။

"မင်း ကိုယ့် အတွက် မနက်စာ ဘာယူလာပေးတာလဲ။"

သူမသယ်လာတဲ့အရာကို ပိုစိတ်ဝင်စား နေသလို အနည်းငယ်ပြုံးနေသည်။

မုရှောင်းရှောင် စိတ်တိုသွားမိသည်! သူမ  ဒီလောက် အရိပ်အမြွက်ပြောနေတာတွေကို သူ မဖမ်းမိဘူးလား။

"ရှင် ထမင်းစားပြီးပြီ လို့ပြောလိုက်တယ် မဟုတ်ဘူးလား။"

လုရိချန် သည် တစ်ခါတစ်ရံ အရိပ်အကဲ မသိပေ။
ဟန်ချီချင်ကိုကြည့်လိုက်ရင်း  ပေါ့ပေါ့ပါးပါး ပြုံးပြီး

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now