Unicode
အပိုင်း ၂၆၉ - ငါ မစွက်ဖက်ချင်ဘူး
ထိုအခိုက်အတန့်တွင် လက်တစုံရုတ်တရက်ပေါ်လာပြီး မုရှောင်းရှောင်ကို တိုက်သွားခဲ့တဲ့ ကောင်မလေး၏လက်ကို ဆုပ်ကိုင်လာသည်။
ကောင်မလေးက မုရှောင်းရှောင်ကို သနားစဖွယ် ကြည့်ပြီး
"ကူညီပါဦး !"
ထို အကြည့်တွေကြောင့် မုရှောင်းရှောင် ကြောက်လန့်တကြား နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်။
ပြီးမှ အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်လာရသည်။
လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ကောင်မလေးကို ကြမ်းတမ်းစွာ လာဆွဲခေါ်သည်။ထိုလူက“လူယုတ်မာမလေး၊ မင်း ထပ်မပြေးရဲတော့ဘူး။ ကိုယ့်ကိုကိုယ် ပြည့်တန်ဆာ မလုပ်ခိုင်းပါဘူး အချိုရည်ထည့်ပေးတဲ့ တစ်ယောက်ယောက် လုပ်ဖို့ပဲ တောင်းဆိုတာပါ။ ဘာလို့ ပြေးဘ နေရတာလဲ။ မင်းငါ့ကိုမျက်နှာပျက်အောင်လုပ်နေတာပဲ!"
သူစကားပြောနေစဉ် သူ့လက်သည် ကောင်မလေး၏ခေါင်းကို ခဏခဏ ရိုက်နေသည်။မုရှောင်းရှောင်အတွက် ထိုမြင်ကွင်းက သူမကို စိတ်မသက်မသာဖြစ်စေသည် ။
ကောင်မလေးက အော်ဟစ်ပြီး
“မဟုတ်ဘူး၊ မသွားချင်ဘူး… ကူညီပါဦး! ငါ့ကို ကယ်ကြပါဦးလား !"
ကောင်မလေးက သူ့ကို ဖယ်ထုတ်ကာ ငြင်းဆန်ရင်း မြေပြင်မှာ မတ်တပ်ရပ်ဖို့ ကြိုးစားရင်း အလွန်ကြောက်လန့်နေသည်။
ထိုလူက ဒေါသတကြီးဖြင့် သူ့လက်က ကောင်မလေးရဲ့ပါးကို ရိုက်ပစ်သည်။
“အသေးအဖွဲ တစ်ခုခုလေး လုပ်ခိုင်းတာပါ၊ မင်းသေသလိုမျိုး လုပ်နေလို့ မရဘူး! နာခံတာ ပိုကောင်းတယ်။ မဟုတ်ရင် အိမ်ပြန်ရောက်ရင် မင်း ငါ ပြစ်ဒဏ်ပေးခံရမယ်"
ကရုဏာလုံး၀ရှိပုံမရတဲ့ ယောက်ျားကြီးက မိန်းကလေး၏မျက်နှာကို အားပြင်းပြင်းဖြင့် ပါးရိုက်လိုက်တာကြောင့် ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။
သို့သော်လည်း ကောင်မလေးသည် အနီးနားရှိလူများထံ အကူအညီတောင်းကာ သူ့ကို ဆွဲထုတ်ခွင့်မပြုဘဲ ခေါင်းမာမာဖြင့် ခုခံနေဆဲဖြစ်သည်။
ESTÁS LEYENDO
ချစ်ခြင်းဘီလီယံ 2 ( Billion of Pampering Only For You 2 )
RomanceThis Novel is not my owned. I am just translate it to Myanmar .(Unicode +ZawGyi) All Credits give to the owner . I don't own any creations . All creations go to original author and Eng translators. ချစ်ခြင်းဘီလီယံ 2 ငယ်ပေါင်းကြီးဖော်တွေဖြစ်တဲ့...