အပိုင်း - ၁၈၈

1.1K 89 0
                                    

Unicode

အပိုင်း - ၁၈၈ ‌သူစိမ်း ယောက်ျားလေးတစ်ယောက်အတွက် ငိုခြင်း


ကံကောင်းစွာဖြင့်၊ ရှန်တ အထက်တန်းကျောင်း သည် အဓိက ဆေးရုံတစ်ခုအနီးတွင် တည်ရှိနေသောကြောင့် ကုသမှု နှောင့်နှေးသွားမည် မဟုတ်ပေ ။

လုရိချန်သည် လူနာတင်ယာဉ်ပေါ်သို့  ရောက်ပြီးနောက် မူးလဲသွားပုံရသည်။ စိုးရိမ်စွာဖြင့် မုရှောင်းရှောင် သူ့နောက်သို့လိုက်ရန် လူနာတင်ယာဉ်ထဲဝင်ချင်သော်လည်း ယင်းရှောင်ကျဲ က သူမကို လှမ်းဆွဲကာ  ရပ်တန့်လိုက်သည်။

မုရှောင်းရှောင်၏ မျက်လုံးများသည် မျက်ရည်များဖြင့် တောက်ပနေပြီး  ယင်းရှောင်ကျဲကို ဒေါသတကြီး လှည့်ကြည့်ရင်း

"နင် ငါ့ကိုဘာလို့ဆွဲနေတာလဲ? !"

ယင်းရှောင်ကျဲက သူမကို လုရိချန်နောက်ကို မလိုက်သွားစေချင်ဘူးထင်သည်။

သို့သော် လုရိချန် သည် သူမကို ကာကွယ်ရန် ကြိုးစားနေသောကြောင့်သာ  အခုလို နာကျင်ခဲ့ရခြင်းဖြစ်သည်။ သူဘေးကင်းကြောင်း သူမ မသိရခင် သူမဘယ်လိုလုပ် စိတ်ဖြေလျှော့နိုင်မှာလဲ။

ယင်းရှောင်ကျဲ လည်း သူမကို  မလွှတ်တမ်း စိုက်ကြည့်ကာ

"ငါ မင်းကို လိုက်ပို့‌ ပေးမယ်!"

လူနာတင်ယာဉ်က သန့်ရှင်းမှုရှိမရှိ ဆိုတာ ဘယ်သူမှ မသိနိုင်။ ဖျားနာနေတဲ့ လူနာကို ပို့ဆောင်ထားပြီး ကောင်းစွာ မသန့်ရှင်းရင် ဘာလိုလုပ်မလဲ။

ဒီငတုံးမလေးကတော့ !

မုရှောင်းရှောင် က နှုတ်ခမ်း စူပြီး သူမ  မှားသလို ခံစားလိုက်ရသည်။

"စောစောကပြောသင့်တယ်..."

ယင်း‌ရှောင်ကျဲ သူမနှင့် ငြင်းခုံရန် စိတ်မကူး မရှိပေ။ သူ့စိတ်ခံစားချက်တွေကို ဖိနှိပ်ချုပ်ချယ်ဖို့ ကြိုးစားနေရပြီး မုရှောင်းရှောင်သာ တခြားစကားတစ်ခွန်းထပ်ပြောရင် ဒေါသပေါက်ကွဲသွားနိုင်သည်။

ယင်းရှောင်ကျဲ သူ့ဘေးနားက စုန့်ရှီကျွင်း ကို မျက်စပစ်ပြီး

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now