အပိုင်း - ၁၅၅

1.4K 108 1
                                    

Unicode
အပိုင်း - ၁၅၅ သူမ ဘယ်သွားနိုင်သလဲ။


ဟန်ချီချင်  အဆင်မပြေစွာ  ချောင်းဆိုးလိုက်ရင်း

"ယောက်ျားလေးတွေ ကောင်မလေးတွေနဲ့ အတူတူအိပ်တဲ့အခါ လုပ်ကြတဲ့ဟာ!"

မု ရှောင်းရှောင်ရဲ့ မျက်နှာသည် ဟန်ချီချင် ဘာအကြောင်း ပြောလဲဆိုတာ  နားလည် သဘောပေါက်သွားတဲ့အခါ သုံးစက္ကန့်ကြာ အေးခဲသွားပြီး နီလာတော့သည်။ ဒါနဲ့  ဒီအကြောင်းပြောနေရတာလဲ ...

နီရဲနေသော မျက်နှာသည် ဟန်ချီချင်ကို ကြည့်ကာ ခေါင်းခါယမ်းလိုက်ရင်း

"နင် ဘာတွေပြောနေတာလဲ ငါတို့ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!"

သို့သော်လည်း ဟန်ချီချင် ၏ စကားများက သူမကို မေမေယင်း သူမတို့အတွက် ဝယ်ပေးခဲ့သော  ကွန်ဒုံးများ အခန်းထဲတွင် ရှိနေသည်ကို အမှတ်ရစေသည်။ အကယ်၍ ဟန်ချီချင်သာ သိသွားရင်  လေပြင်းမုန်တိုင်းများ တိုက်ခတ်သလို  သူမ၏ စိတ်ကူးစိတ်သန်းကလဲ ညစ်ညမ်းသွားလိမ့်မည် ။

ဟန်ချီချငလက သူမကို ရိသဲ့သဲ့နဲ့

"ရှောင်းရှောင် နင် တစ်ခါမှမလုပ်ဖူးရင်တောင် တခြားအရာတွေကို သေချာပေါက်လုပ်ဖူးမှာ‌ပေါ့ ဟုတ်ရဲ့လား"

"တခြားဘာတွေပြောနေတာလဲ ငါမသိဘူး!"

မုရှောင်းရှောင် က လှည့်ထွက်ပြီး ထွက်သွားချင်ပေမယ့် သူမက ဒီနေ့ ဟန်ချီချင် ရဲ့ နေရာမှာ အိပ်ခဲ့ရမှာမို့ သူမကို လျစ်လျူ ရှုပြီး မထွက်သွားနိုင်။

ဟန်ချီချင်၏လက်ကို ဆုပ်ကိုင်လိုက်ပြီး  သူမကို  ကျောင်းအပြင်ဘက်သို့ ဆွဲ ခေါ်သွားလိုက်သည်။

"သွားကြရအောင်။ ကျောင်းက မကြာခင် ဆင်းတော့မှာ"

မုရှောင်းရှောင် နောက်ကို လှည့်ပတ်ကြည့်လျှင် ယင်းရှောင်ကျဲ ပေါ်လာမည်ကို သူမစိုးရိမ်နေမိသည်။

သူ့ကို  တွေ့ရင် ဘယ်လိုပြုမူရမည်ကို သူမ မသိခဲ့။

"ကောင်းပြီ၊ ငါမမေးတော့ဘူး သွားကြရအောင်။ ငါဗိုက်ဆာလို့ တစ်ခုခုသွားစားသင့်တယ်"

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now