အပိုင်း - ၁၉၃

1.1K 80 0
                                    

Unicode

အပိုင်း - ၁၉၃ သူ့အိမ်သည် သူမ၏အိမ်ဖြစ်သည်။


မုရှောင်းရှောင်ဖုန်းကို ချလိုက်တော့ ယင်းရှောင်ကျဲက သူမ ခွဲခွာဖို့ ဝန်လေးနေတာကို တွေ့ပြီး  ရုတ်တရက် ထရပ်လိုက်ကာ သူမလက်ကို ကိုင်ပြီး

"သွားရအောင်" လို့ပြောလာသည်။

မုရှောင်းရှောင် သူ့ကိုကြည့်ရင်း အံ့ဩသွားပြီး

"ဘာအတွက်လဲ၊ ငါတို့ ဘယ်သွားမလို့လဲ၊ မုန့်က မကြာခင် ရောက်လာတော့မှာ မဟုတ်ဘူးလား"

"ငါတို့ မုန့်တွေ မစားတော့ဘူး။ အိမ်ပြန်ရအောင်။"

ယင်းရှောင်ကျဲ  က ပေါ့ပေါ့ပါးပါးပြောသည် ။

သူမ ပဟေဋ္ဌိဖြစ်နေသေးသည်ကို မြင်လိုက်ရသဖြင့် သူသည် သူမထံသို့ အလိုလို ရွှေ့ကာ သူမလက်ကို ဆုပ်ကိုင်ကာ ဆိုဖာပေါ်မှ ဆွဲ ခေါ်လိုက်သည်။

"ထမင်းစားဖို့ အိမ်ပြန်မယ်"

မုရှောင်းရှောင် အခြေအနေကို နားမလည်သေးသဖြင့် ငိုင်ကာ  ကြည့်နေမိသည်။

"အရူး ! ငါတို့သွားလို့ရတဲ့ အိမ်တစ်အိမ်ရှိတယ်၊ သွားကြရအောင်။"

မုရှောင်းရှောင် ရုတ်တရက် သဘောပေါက်သွားသည်။ သူက အိမ်ဝောာ်ကို ရည်ညွှန်းနေတာလား။

"ဒါပေမယ့်... နောက်ကျ နေပြီ။ ယင်းပါးပါးနဲ့  ယင်းမားမားကို စိတ်အနှောက်အယှက်ဖြစ် စေမှာ မဟုတ်ဘူးလား၊ ငါတို့  မှယထားတဲ့ အစားအစာကို  စားရအောင်၊မသွားတော့ဘယး  စားစရာတွေလဲ မကြာခင် ရောက်လာတော့မှာကို"


ယင်းရှောင်ကျဲ သူမကို မျက်လုံးပြူးပြပြီး

"အဲဒါ ငါ့အိမ်ပဲ၊ ဘယ်လိုကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရမှာလဲ"

နောက်ဆုံးတော့ မုရှောင်းရှောင် သဘောတူလိုက်ပြီး သူမကို ဆွဲ‌ ခေါ်သွားဖို့ ခွင့်ပြုလိုက်သည်။

ယင်းရှောင်ကျဲ က သူမကို လက်တစ်ဖက်နဲ့ ကိုင်ထားရင်း ထမင်းစားရန်  တစ်ခုခုချက်ထားဖို့ ပြောရန် လက်တစ်ဖက်က ဖုန်းဖြင့် အိမ်ကို ခေါ်လိုက်တယ်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now