အပိုင်း - ၁၉၄

1.1K 92 1
                                    

Unicode

အပိုင်း - ၁၉၄  မားမားပေးတဲ့ လက်ဆောင်ကို သုံးရဲ့လား???


မုရှောင်းရှောင်  သေချာ တွေးကြည့်တဲ့အခါ အိမ်မှာ စားထားတဲ့ အာဟာရက ဒီလောက် အာဟာရ မပြည့်ဘူးဆိုတာကို သူမ သဘောပေါက်သွားပြီး မငြင်းတော့ဘဲ   နာခံစွာ သောက်လိုက်သည်။

ဤအခိုက်အတန့်တွင် ယင်းမားမား သည် မုရှောင်းရှောင် ကိုကြည့်ရင်း ညင်သာစွာပြုံးကာ

"ရှောင်းရှောင်၊ သမီး နှစ်ယောက်ကြားက တိုးတက်မှုတွေအကြောင်း မားမားကို ပြောပြပေးနိုင်မလား?"

မုရှောင်းရှောင် က ဟင်းချိုကို မော့သောက်လိုက်သည့်အချိန်နှင့် တိုးသွားတာကြောင့်  သူမ ချက်ခြင်း လည်ချောင်းမှာ ဟင်းရည်တွေ ဖြင့်  ဆို့နင့်သွားရသည်။

"ဟင့်အင်း...ယင်းမားမား ဘာလို့မေးနေတာလဲ"

ယင်းမားမားကို မုရှောင်းရှောင်ကြည့်ရင်း ရှက်ရွံ့သွားရသည်။

ယင်းမားမား က ယင်းရှောင်ကျဲ ကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ဆိုးနေတဲ့ပုံပေါ် နေသည်။ ထို့နောက် သူမသည် မုရှောင်းရှောင် အား

"ဒီကောင်လေးက မားမားကို ဒီအကြောင်းကို မပြောပြဘူး။ အမေတစ်ယောက်အနေနဲ့ သမီးတို့နှစ်ယောက် တိုးတက်မှုရှိမရှိကို ငါအရမ်းစိုးရိမ်တယ်။ ဒါ့ကြောင့် သမီးလေးကို တိုက်ရိုက်မေးဖို့ကလွဲပြီး ရွေးစရာမရှိဘူး"

ယင်းမားမားက အရိပ်အကဲ မသိသလိုနဲ့ ဆက်ပြီးတော့

"အနည်းဆုံးတော့  နမ်းဖူးရဲ့လား?

မုရှောင်းရှောင်ရဲ့ မျက်နှာက ထိုစကားကြောင့်  ပိုတောင်နီလာသည်။

"မဟုတ်သေးဘူး ခုထိ မနမ်းဖူးသေးဘူးလား ..."

သို့သော်လည်း ယင်းရှောင်ကျဲ ထိုစကားကြာသောအခါ အပြစ်ရှိသလိုခံစားရပြီး သူ့ အမေရဲ့ အကြည့်တွေကို ရှောင်ကြဉ် နေခဲ့သည်။

ယင်းမားမားက တော့ မယုံကြည်နိုင်စွာဖြင့်

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ!"

မုရှောင်းရှောင် ရှက် နေတာကို  ဖုံးကွယ်ချင်၍  ဟင်းရည်သောက်ရန်သာ  ခေါင်းငုံ့ထားလိုက်သည်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now