အပိုင်း -၂၂၃

851 60 1
                                    

Unicode

အပိုင်း -၂၂၃  ဘယ်လိုလုပ် ရုပ်ပျက်ဆင်းပျက် ဖြစ်သွားတာလဲ။


တကယ်တော့  ဒီနေရာကို မုရှောင်းရှောင် မှတ်မိသည်။

အဲဒါကြောင့်လဲ  ဒီမှာစားဖို့ စိတ်ကူးထားတာပင် သို့သော်  ရှေ့က ကိုစိတ်တို ထပ်မံဒေါသထွက်စေမှာစိုးရိမ်သောကြောင့်  အမှန်အတိုင်း အဖြေမပေးနိုင်ခဲ့ ။

"ဘာစားချင်လဲ၊ ဒီမှာ မနက်စာက တော်တော်ကောင်းတယ်"

မုရှောင်းရှောင် အကြောင်းအရာကို လိမ္မာပါးနပ်စွာ ပြောင်းလဲလိုက်သည်။

မုရှောင်းရှောင် ပေါက်စီများ၊ ဖက်ထုပ်ပေါင်းနှင့် ပဲနို့တို့ကို မှာလိုက်ပြီးဖြစ်သည်။ ဒီမနက်စာဆိုင်မှာ ရွေးချယ်စရာတွေ အများကြီးရှိတာကြောင့် ယင်းရှောင်ကျဲ ဘာစားချင်မှန်း သူမ မသိခဲ့

ဒီလိုမျိုး မနက်စာဆိုင်သည်  ငွေကြေး သိပ်မချမ်းသာသည့်သူများအတွက်သာဖြစ်ပြီး  ကျောင်း အပြင်ဘက် နဲနဲဝေးဝေးတွင်ရှိသည်။ ထို့ကြောင့် နံနက်စာဆိုင်သည်  သန့်ရှင်းသပ်ရပ်သော အပြင်အဆင်ရှိပြီး  အလွန်စျေးမကြီးဘဲ ပုံမှန်အတိုင်း ဖြစ်နေသည်။

  ထို့အပြင်၊ ဤနေရာကို ကျောင်းသား အများအပြား လာရောက်စား လေ့ရှိသည်။

ယင်းရှောင်ကျဲ  က မီနူးကို မကြည့်ချင်တာကြောင့်

"ငါ့အတွက် အစားအသောက်ကို မှာပေးမလား၊ အဆင်ပြေလား?"

"ကောင်းပြီ ဘာစားချင်လဲ"

“အသား”

မုရှောင်းရှောင် ဆွံ့အပြီး စကားဆက်မပြောနိုင်။

မနက်စောစော အသားစားချင်တာလား? အရမ်း အကောင်းကြိုက်တာမဟုတ်ဘူးလား

မုရှောင်းရှောင် မီနူးကို တစ်ချက်ကြည့်လိုက်ပြီး   အသားပါတဲ့ အစားအစာနှစ်မျိုးကို ယင်းရှောင်ကျဲ အတွက် ရွေးပြီး  ပဲနို့ပါ

မှာလိုက်သည်။

ယင်းရှောင်ကျဲ  က အနည်းငယ် မျက်မှောင်ကြုတ်ပြီး

"ပဲနို့ကို ငါမယူဘူး"

"ငါ မှာထားပြီးသား။  သောက်ချင်သောက် ဒါမှမဟုတ် ထားခဲ့လိုက်  ဟုတ်ပြီလား !"

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now