Unicode
အပိုင်း ၂၅၆ - သူတို့ရဲ့ ပထမဆုံး အနမ်း (၂)
လွန်ခဲ့သော ခုနစ်နှစ်ခန့်က ဤကဲ့သို့သော နွေရာသီနေ့မျိုးတွင် ဖြစ်သည်။ ရာသီဥတုက နည်းနည်းပူလာတော့ သူတို့မိသားစုနှစ်စု အဲဒီရေကန်ဘေးအပန်းဖြေစခန်းမှာ ပျော်ပါဖို့ သဘောတူကာ အတူတူ သွားကြသာ်။
နောက်ဆုံးနေ့မှာတော့ သူတို့မိဘစုံတွဲဟာ ကလေးတွေလိုပဲ ပျော်လွန်းလို့ ပြန်သွားကြဖို့ တွန်ြဆုတ်နှမြောနေကြသညါ။
နေဝင်ခါနီးတွင် သူတို့မိဘတွေ အပျော်တွေ လွန်ပြီး အဝေးရောက်နေတုန်း ရေကန်ဘေးတွင် သူမတို့ ကလေးနှစ်ယောက် တစ်ယောက်ကို တစ်ယောက် ရေပက်ကား နေရင်း ယင်းရှောင်ကျဲ ရေနက်ထဲထိ တစ်ယောက်တည်း သွားခဲ့မိလိုက်သည်။ ပြီးတော့ ရေကန်ထဲ တဖြေးဖြေး နစ်မြှုပ်လို့ နစ်မြှုပ်မှန်း မသိခဲ့ကြ။
မုရှောင်းရှောင် အဲဒါကို တွေးမိရင်း ခုချိန်ထိ သူမကို ကြောက် နေမိသည် ။
သူတို့သည် ကိုးနှစ်ဆယ်နှစ်ခန့် သာ ရှိတြဲ ငယ်ရွယ်သေးသော ကလေးငယ်များဖြစ်သဖြင့် သတိမမူမိပါက မတော်တဆမှု ဖြစ်နိုင်ခြေများမှန်းကို မသိကြ။
ထိုစဉ် ပတ်ဝန်းကျင်မှာ လူကြီး များလဲ တစ်ယောက်မှ မရှိ ။ မုရှောင်းရှောင်ကသာ သူမ၏ ဉာဏ်ကောင်းမှုကို အသုံးချပြီး သစ်သားချောင်းဖြင့် ယင်းရှောင်ကျဲကို ဆွဲကာ ကန်ဘောင်နားက သူမဆီသို့ ရောက်အောင်လုပ်ခဲ့ရသည်။
ခွန်အားရှိသမျှ အကုန်သုံးပြီး ကန်ဘောင်ပေါ်သို့ ဆွဲတင်လိုက်တဲ့ နောက်ဆုံး ယင်းရှောင်ကျဲ ရေမွန်းကာ မေ့မျော သွားသည်။
မုရှောင်းရှောင် အလွန်ထိတ်လန့်သွားပြီး အရင်က တီဗီမှာ အသက်ကယ် မြင်ဖူးတာကို သတိရရင်း ကမန်းကတန်း အောက်ကိုငုံ့ပြီး အရေးပေါ် အသက်ကယ်နည်းဖြင့် ကယ်မိသည်။
ယင်းရှောင်ကျဲ သတိပြန်ရလာတော့ လူကြီးတွေကို သွားခေါ်လိုက်သည်။
သူမသည် သူ့အပေါ်တွင် အသက်ရှူ အောင် အရေးပေါ် အသက်ကယ်ခြင်းကို လုပ်ဆောင်ခဲ့သော်လည်း သူတို့၏ နှုတ်ခမ်းများသည် ထိဆဲဖြစ်သည်—
YOU ARE READING
ချစ်ခြင်းဘီလီယံ 2 ( Billion of Pampering Only For You 2 )
RomanceThis Novel is not my owned. I am just translate it to Myanmar .(Unicode +ZawGyi) All Credits give to the owner . I don't own any creations . All creations go to original author and Eng translators. ချစ်ခြင်းဘီလီယံ 2 ငယ်ပေါင်းကြီးဖော်တွေဖြစ်တဲ့...