အပိုင်း - ၁၆၆

1.2K 89 0
                                    

Unicode

အပိုင်း - ၁၆၆ မုရှောင်းရှောင် ကို  S  အတန်းမှ နှင်ထုတ်ခြင်း


မုရှောင်းရှောင်  သည် မူလက သူမအား လျစ်လျူရှုချင်ခဲ့သော်လည်း သူမ၏စကားများသည် သူမကို ရန်စ နေကြောင်း သိသာ ထင်ရှားသည်။ ဒါကို သူမ အသာလေး ငြိမ်ခံလိုက်ပြီး လက်တုံ့ပြန်ခြင်းမပြုပါက သူမကို ကြောက်နေတဲ့ ပုံပေါ် နေမည်မဟုတ်ပါလား။

"အို တကယ်ပဲလား?"

မုရှောင်းရှောင်  က စိတ်မဝင်စားသလို ပြုံးပြီးတော့  ပိုင်မိန်ကျောင်းကို

"ဒါဆို နင့ ဒါကို မြတ်နိုးပြီး တန်ဖိုးထားသင့်တယ်။ ယင်းရှောင်ကျဲက စိတ်ကောင်းရှိပြီး သနားလို့ ဒီမှာ နင့်ကို  တက်ခွင့်ပြုတာလားဆိုတာ ဘယ်သူက သိမှာလဲ -  ပြောလို့မရဘူး နင့်ကို့ သူစိတ်ကုန်ပြီး သူ  တစ်ယောက်ထဲ ပြန်ဖြစ်သွားရင်လဲ နင့်ကို  ထုတ်ပစ်နိုင်တယ်ဆိုပေမယ့်လဲပေါ့ မဟုတ်ဘူးလား ၊ ?"

"နင် !"

မုရှောင်းရှောင်၏ တုံ့ပြန်သံကြောင့် ပိုင်မိန်ကျောင်း၏ မျက်နှာသည် မည်းမှောင်သွားရသည်။ မုရှောင်းရှောင်  ပြောခဲ့တာတွေက အမှန်တွေပင် ၊ ဒါပေမယ့် ဒီအမှန်တရားက သူမကို ခြောက်လန့်နေသောအဖြစ် ပြောင်းလဲပေးခဲ့ပြီး မုရှောင်းရှောင် ပြောသလို  အချိန်မရွေး ပစ်ပယ်ခံရနိုင်တဲ့သူတစ်ယောက်အနေနဲ့ ဒါကို သူမ သည်းမခံနိုင် ပေ။

သခင်လေးကျဲ သည်  ပြတ်ပြီးသား ကောင်မလေးများထံသို့ ဘယ်တော့မှ ပြန်မသွားခြင်းတတ်ခြင်း အတွက် အရမ်း  နာမည်ကြီးခဲ့သည်။ ကောင်မလေးနဲ့ လမ်းခွဲပြီးတာနဲ့ သူက ပြန်တွဲဖို့ သူ့ဘက်ကနေ  ဘယ်တော့မှ ညှိနှိုင်းမှာ မဟုတ်။ သို့သော် ပိုင်မိန်ကျောင်းသည် ယခုတစ်ကြိမ်တွင် ခြွင်းချက်ဖြစ်သည်။

ဒါက သူမကို တကယ် ကျေနပ်စေသည်။  သူမသည် သခင်လေးကျဲ အတွက် အလွန်ထူးခြားသောလူတစ်ယောက်လို ခံစားခဲ့ရသည်။

ထို့ကြောင့်၊ သခင်လေးကျဲ  သည် သူမအား သဘောကျနေဆဲဖြစ်ပြီး အကြောင်းတစ်ခုခုကြောင့် သူမနှင့် လမ်းခွဲလိုက်ခြင်းသာဖြစ်မည်။ ထိုအပြငါ သူမအကြောင်းကိုလဲ အဆက်မပြတ်တွေးနေခဲ့တာဖြစ်မည်—မဟုတ်ရင် သူ့မူတွေကို လွဲဖယ်ပြီး သူမနဲ့ ပြန်လည်သင့်မြတ်မှာတဲ့လား။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now