Unicode
အပိုင်း - ၂၀၃ သူတို့နေ့စဉ် ရင်ဆိုင်ရတဲ့ တုန်လှုပ်ချောက်ချားစရာများ
မုရှောင်းရှောင် ဆေးရုံသွားရမှာ ဖြစ်တာကြောင့် စောစောနိုးလာရသည်။ ဒါ့အပြင် မနေ့ညက ကောင်းကောင်း အိပ်ပျော်သွားတာကြောင့် သူမရဲ့ စွမ်းအင်တွေ အတော်လေးပြည့်၀နေသလို ခံစားနေရသည်။မနက်စာစားချိန်
မုရှောင်းရှောင် သည် ယင်းမားမား၏ အကြည့်များကို မကြည့်မိစေရန် ကြိုးစားရှောင်ရှားနေရသည်။ သူမ၏မျက်လုံးထဲတွင် အရိပ်အမြွက်ပြသည့် အရိပ်အယောင်များပါနေကာ အကြည့်များက ထူးဆန်းနေသည်။
မနေ့ညက ဖြစ်ပျက်ခဲ့တာကို သတိရသွားပြီး သူမရဲ့ နားတွေနီရဲလာရပြန်သည်။
ယင်းမားမားသည် ယင်းရှောင်ကျဲနှင့် သူမ တကယ်ကြီး အိပ်ခဲ့တာလို့ နားလည်မှုလွဲ နေတာ မဟုတ်ဘူးလား ။"အဟမ်း!"
ပတ်ဝန်းကျင်က အဆင်မပြေဖြစ်လာတာကြောင့် ယင်းပါးပါးက ချောင်းဟန့်ကာ သူ့မိန်းမကို မသိမသာ တံတောင်ဖြင့် လှမ်းထိုးပြီးရှောင်းရှောင် ကို သိသိသာသာ စိုက်ကြည့်နေတာကို ရပ်ရန် အချက်ပြလိုက်သည်။
ယင်းပါးပါးရဲ့အကြည့်က
"ကိုယ့်ကိုကိုယ် ထိန်းထားပါဦး မိန်းမရယ် ၊ ရှောင်းရှောင် ကြောက်သွားဦးမယ် "
လို့ ပြောနေပုံရတယ်။
ယင်းမားမားက က သူ့မျက်လုံးတွေကို ပြန်ကြည့်ပြီး
"ဒါက ဘာရှက်စရာရှိလို့လဲ? ရှောင်းရှောင် က ကျွန်မတို့ချွေးမ ဖြစ်နေပြီပဲကို "
အကြည့်တွေ စစ်ထိုးနေတဲ့ ကြားမှာ မုရှောင်းရှောင်သည် ခေါင်းသာငုံ့ပြီး ဆန်ပြုတ်စားနေမိသည်။ လင်မယားနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မျက်လုံးချင်းပြူးပြီး ရန်ဖ်ြစနေတာကို သူမ သတိထားမိ ပေမယ့် သူတို့ရဲ့ အကြည့်တွေကို ရှောင်ရှားနေမိသည်။ရုတ်တရက် ယင်းမားမား ရဲ့အသံက ထွက်ပေါ်လာပြီး
" ရှောင်းရှောင် ၊ မနေ့ညက ကောင်းကောင်းအိပ်ပျော်ရဲ့လား ..ရှောင်ကျဲ ရော ......"
KAMU SEDANG MEMBACA
ချစ်ခြင်းဘီလီယံ 2 ( Billion of Pampering Only For You 2 )
RomansaThis Novel is not my owned. I am just translate it to Myanmar .(Unicode +ZawGyi) All Credits give to the owner . I don't own any creations . All creations go to original author and Eng translators. ချစ်ခြင်းဘီလီယံ 2 ငယ်ပေါင်းကြီးဖော်တွေဖြစ်တဲ့...