အပိုင်း -၂၃၄

822 59 0
                                    

Unicode

အပိုင်း -၂၃၄ ကျေးဇူးပြုပြီး ငါ့ကို သနားပါ

မုရှောင်းရှောင်က သူ့ဆံပင်တွေကို အားရပါးရ  လေမှုတ်စက်ဖြင့် မှုတ်လိုက်သည်။ ရုတ်​တရက်​ မုရှောင်းရှောင် ဒီ​ကောင်​ရဲ့ဆံပင်​က တကယ်​ကို ​ပျော့​ပျော့​အိအိလေးမှန်း သိလိုက်​ရသည်​။

ကစားစရာတစ်ခုခုကို ရှာတွေ့သွားသလို သူမ ရယ်မောလိုက်မိသည်။

ဆံပင်ပျော့တဲ့သူတွေက နားရွက်လည်း ပျော့တယ်လို့ ပြောကြတယ်မဟုတ်လား။

မုရှောင်းရှောင် ဒါကို  ဘာကြောင့် တွေးနေမိမှန်းမသိဘူး။ သူမ၏ နက်မှောင်သော မျက်လုံးများသည်  ယင်းရှောင်ကျဲ  ခေါင်းကိုလှည့်ပတ်ကြည့်ရင်း သူ့နားကို ရောက်သွားသည်။ ထူးဆန်းသော ခံစားချက် တစ်ခုကြောင့် သူမ၏လက်သည် နားပေါ်သို့  ရောက်သွားသည်။

ဟုတ်တယ်၊ တော်တော်ပျော့တယ်။

သူမ နားရွက်ကို ထိလိုက်ကာ  အရမ်းပျော့အိပြီး ကိုင်လို့ကောင်းတာကြောင့်  သူမ လက်ချောင်းများကြားတွင် ပွတ်သီးပွတ်သပ် လုပ်နေမိသည်။

ကစားခံနေရတဲ့ ယင်းရှောင်ကျဲ မော့ကြည့်လိုက်တော့ မုရှောင်းရှောင်၏ နက်မှောင်သော မျက်လုံးများက သူ့ကို စိုက်ကြည့်နေသည်။ ထို ကောင်မလေးသည် သူ့နားရွက်ကို အရုပ်အသစ်ရှာတွေ့သလို ကစားရတာ စွဲလန်းနေပုံရသည်။

"ကစား လို့ပြီးပြီလား"

နောက်ဆုံးတော့ ယင်းရှောင်ကျဲ မနေနိုင်ဘဲ ပြောလိုက်တော့သည်။  သူ့လေသံက စိတ်မချမ်းမသာဖြစ်နေသည့်အပြင် 
စိတ်မရှည်မှုများပါ ပါ၀င်နေသည်။

မုရှောင်းရှောင် တစ်လျှောက်လုံး သူမဘာတွေလုပ်နေတယ်ဆိုတာကို သူမသဘောပေါက်ပြီး ငြိမ်သက်သွားတယ်။မုရှောင်းရှောင်ခြောက်ကပ်စွာ ရယ်ရင်း

“ဟေး… ခြောက်သွားပြီ”

ဟု အနည်းငယ် ငြီးတွားလိုက်သည်။

သူမ ဘာမှမလုပ်ခဲ့ဘူးလို့ ဟန်ဆောင်ဖို့ ကြိုးစားသည်။

သို့သော်၊ ယင်းရှောင်ကျဲသည် တစ်ခါတစ်ရံ နတ်ဆိုးတစ်ကောင်လို ပြုမူပြီး သူမအား ညှာတာခြင်းမရှိပေ။ ရုတ်တရတ် ယင်းရှောင်ကျဲ မုရှောင်းရှောင်ရဲ့ ခါးပါးပါးလေးကို ဆွဲကိုင်လိုက်ပြီး ဆံပင်မှုတ်စက်ကို ဆွဲဖယ်ကာ ကော်ဖီ စားပွဲပေါ်တင်ပြီး သူမကို ဆိုဖာပေါ် တွန်းချလိုက်သည်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Tempat cerita menjadi hidup. Temukan sekarang