Unicode
အပိုင်း - ၂၂၄ အဲဒီအကြံက ကောင်းသားပဲ
ထိုစကားကိုကြားတော့ ယင်းရှောင်ကျဲကို ပြန်ကြည့်ရင်း
မုရှောင်းရှောင်၏ မျက်လုံးများ ပြူးကျယ်သွားရသည်။အခုကရော ဘာလဲ? သူမကို ဘာလို့ ပြဿနာပုံထဲကို ရုတ်တရတ် ဆွဲသွင်းရတာလဲ။
ယင်းရှောင်ကျဲ သည် မျက်ခုံးကြီးပင့်ကာ စကားပြောနေသော မိန်းကလေးနှစ်ယောက်ကို လှမ်းကြည့်လိုက်သည်။
"အဲ့သတင်းက အမှန်လား"
"ကြည့်စမ်း၊ ပထမနှစ် Sအတန်း မှာ တခြားသူတွေလဲ ယားယံတဲ့အမှုန့်တွေနဲ့ ထိသွားပေမယ့် ရေနဲ့ဆေးချပြီး သက်သာသွားတယ်လို့ ဖိုရမ်ပို့စ်မှာ ပြောထားပါတယ်။ ပိုင်မိန်ကျောင်းက ဘာကြောင့် ဒီလောက်ထိ ဒဏ်ရာပြင်းသွားရတာလဲ။ဖြစ်နိုင်တာက နောက်မှ အဆိပ်မိတာ "
"အဲဒါဆိုရင်... မှန်တယ်ထင်တာပဲ၊ မုရှောင်းရှောင် က ဒီလောက်ထိ စိတ်ထားမကောင်းဘူးလို့ မထင်ခဲ့မိဘူး"
သူတို့စကား မပြီးဆုံးခင်မှာ စားပွဲကို လက်နဲ့ရိုက်လိုက်တဲ့ ကျယ်လောင်တဲ့ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
မိန်းကလေးနှစ်ယောက် ကြောက်လန့်တကြား ဖြစ်သွားပြီး မျက်လုံးများ ပြူးကျယ်သွားကြသည်။ သို့သော် ယင်းရှောင်ကျဲ ၏ ကြော့ရှင်းသော မျက်နှာကို အနီးကပ်မြင်လိုက်သောအခါတွင် ပထမတော့ ထိတ်လန့်နေရာက ငိုင်ငိုင်တွေတွေကြီး စိုက်ကြည့် နေကြပြီး အံ့အားသင့်ဖွယ် ရင်ခုန်တဲ့ အဆင့်ကို ချက်ချင်ပြောင်းလဲသွားကြသည်။
"သခင်လေးကျဲ ! ဘာလို့ဒီကိုရောက်နေတာလဲ!"
ကောင်မလေးနှစ်ယောက်က ခြေထောက်ကို ခုန်ဆွ ခုန်ဆွ လုပ်ရင်း တစ်ယောက်နဲ့တစ်ယောက် စိတ်လှုပ်ရှားစွာ ပွေ့ဖက်လိုက်ကြသည်။"ငါ့ရဲ့မင်းသားလေး ! ငါအိပ်မက်မက်နေတာလား? တကယ်ပဲ ငါ့ ရှေ့မှာ သခင်လေးကျဲတဲ့လား၊ အား သခင်လေးကျဲ "
"ငါ မခံနိုင်ဘူး၊ ရှင်က အရမ်းချောတာပဲ၊ အပြင်မှာ ပိုတောင် ချောတယ်။ ချောလွန်းလို့ သေနိုင်တယ်၊ ဝမ်းသာလိုက်တာ သေပါပြီ သေပါပြီသယ် !"
YOU ARE READING
ချစ်ခြင်းဘီလီယံ 2 ( Billion of Pampering Only For You 2 )
RomanceThis Novel is not my owned. I am just translate it to Myanmar .(Unicode +ZawGyi) All Credits give to the owner . I don't own any creations . All creations go to original author and Eng translators. ချစ်ခြင်းဘီလီယံ 2 ငယ်ပေါင်းကြီးဖော်တွေဖြစ်တဲ့...