အပိုင်း -၁၂၄

1.5K 124 1
                                    

Unicode

အပိုင်း -၁၂၄  မင်းကို တွေ့ချင်တယ်

သူမ... ယင်းရှောင်ကျဲ ကို သဘောကျလား။

ဒါကိုတွေးရင်း မုရှောင်းရှောင် က တွေးနေရင်း သူမကိုယ်သူမတောင် မသိဘဲ ချစ်စဖွယ်ကောင်းတဲ့ အမူအရာလေး လုပ်လိုက်မိလေသည် ။

"သဘောကျပါတယ် ၊ ဒါပေမယ့် ရှင်ထင်တဲ့ သဘောကျတာလိုမျိုးတော့ မဟုတ်ဘူး ..ဘယ်လိုပြောရမလဲ  နဲနဲရှုပ်တယ် "

ယင်းရှောင်ကျဲ နဲ့ သူမကြား  အချစ်ဆိုတာ ပေါ်ပေါက်လာနိုင်လား ?

မဖြစ်နိုင်ဘူး!

ယင်းရှောင်ကျဲကို သူမ သဘောကျချစ်ခင်တာတော့ ဟုတ်သည် ။ ဘာလို့လဲဆိုတော့ သူတို့ကဘ ငယ်သူငယ်ချင်းများဖြစ်ကြပြီး ငယ်စဉ်ကတည်းက အလွန်ရင်းနှီးခဲ့ကြသည်။ သူက သူမအတွက် မိသားစုသဖွယ်ဖြစ်ပြီး သူမကို ကောင်းမွန်စွာ ဆက်ဆံပေးသည်။ ဒါ့ကြောင့် သူ့ကို သူမ ဘယ်လိုမှ သဘောမျကဘဲ မနေနိုင်ဘူး။

ဒါပေမယ့် သူနဲ့ ပတ်သတ်ပြီး အချစ်ရေး ခံစားချက်တွေ ရှိဖို့ ဆိုတာကတော့ ဘယ်တုန်းကမှ မတွေးခဲ့မိ

လုရိချန် က အသံတိုးတိုးလေးဖြင့် ရုတ်တရက် မေးလာသည်

"ရှောင်းရှောင် အခု မင်းဘယ်မှာလဲ? "

"အိမ်မှာလေ  ဘာလို့လဲ"

မုရှောင်းရှောင် အတွက် ဒီမေးခွန်းက အရင်မေးခွန်းတွေထက် ပိုလွယ်သည် ။

"မုရှောင်းရှောင်  မင်း ခဏ အပြင်ထွက်လာဖို့ အဆင်ပြေလား? "

မုရှောင်းရှောင် ခဏလောက် စဉ်းစားလိုက် တော့ အခုလောလောဆယ် သူမ စားသောက်ဖို့ လိုအပ်နေပြီး စားပြီးရင်  တော့ အချိန်တွေ အားနေသည် ။ ဒါ့ကြောင့် သူမ ခေါင်းညိတ်ပြီး

"ရတယ်လေ ဘာဖြစ်လို့ မေးတာလဲ? "

"ကိုယ် မင်းကို တွေ့ချင်တယ်"

လုရိချန် ပြောလိုက်တဲ့ စကားလုံးတို့သည် ရိုးရှင်းသောစကားလုံးလေးလုံးဖြစ်သော်လည်း မုရှောင်းရှောင် ၏နှလုံးကို တုန်လှုပ်သွားစေခဲ့သည်။ ချစ်သူရဲ့ ညည်းညူသံကို နားထဲကြားလိုက်ရသလိုဖြစ်ပြီး နှလုံးကလဲ ရုတ်တရက်  ခုန်ထွက်သွားသလိုပင်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now