အပိုင်း - ၁၆၃

1.2K 89 0
                                    

Unicode

အပိုင်း - ၁၆၃ ယင်း‌ရှောင်ကျဲက ဘာဖြစ်ချင်နေတာလဲ?

မုရှောင်းရှောင်နဲ့ အိပ်ယာထဲမှာ အတူအိပ်နေတဲ့ ဟန်ချီချင် ဟာ ​​သူမရဲ့ လှုပ်ရှားမှုတွေကြောင့် နိုးလာရသည်။ အိပ်ချင်မူးတူးနဲ့
မပွင့်သေးသော မျက်လုံးများကို ပွတ်သပ်ကာ ထထိုင်နေသော မုရှောင်းရှောင် ကို ကြည့်လိုက်ပြီး

"ရှောင်းရှောင်၊ ဘာဖြစ်တာလဲ၊ မင်း အိပ်မက်ဆိုးမက်လို့လား? "

ခေါင်းကို ဒူးကြားတွင် မြှုပ်ကာ  ကုတင်ပေါ်တွင် ငုတ်တုတ် ထိုင်ရင်း မုရှောင်းရှောင်က ခေါင်းခါလိုက်သည်။

ဒါဟာ အိပ်မက်ဆိုးမဟုတ် စိတ်ကူးယဉ်အိပ်မက်တစ်ခုပင်

ထိုအတွေးကြောင့် သူမ၏ လှပသော မျက်နှာလေးသည် နီရဲလာပြန်သည်။

ထူးဆန်းတာက အိပ်မက်က တကယ်လက်တွေ့လို  ခံစားခဲ့ရတာပင်။ အနမ်းခံရသည့် ခံစားချက်က သူမ  ထိိတ်လန့် တုန်လှုပ်သွားစေသည်။

မုရှောင်းရှောင် သည် သူမ၏ နှုတ်ခမ်းများကို ညင်သာစွာ ကိုင်လိုက်ပြီး  အစောနက အိပ်မက်ကို ပြန်မတွေးဘဲ မနေနိုင်ပေ။  ယင်းရှောင်ကျဲ  ရဲ့ ယုတ်မာတဲ့အပြုအမူက နမ်းတဲ့အခါ စွဲမက်ဖွယ်ကောင်းနေနိုင်တယ်ဆိုတာ သိလာရသည်။

သူ့နှလုံးသားထဲတွင် သမင်လေးတစ်ကောင် ပတ်ပြေးနေသလိုမျိုး ဝုန်းဒိုင်းကြဲနေသလို ခံစားရသည်။ သူမရဲ့ နှလုံးခုန်သံကိုတောင်  အပြင်ကနေ ကြားနေရသလိုပင်။ တစ်ချိန်ထဲမှာပင် မုရှောင်းရှောင်  ရူးသလို ခံစားလိုက်ရသည်။ ဒီလို ရှက်စရာကောင်းတဲ့ အိပ်မက်မျိုး သူမ ဘယ်လိုလုပ်မက်ခဲ့ရတာလဲ။

တစ်စုံတစ်ယောက်က နမ်းတာ ခံရတဲ့ အိမ်မက်တစ်ခုပဲ၊

ဒါပေမယ့် သူ့ကိုနမ်းတဲ့သူက ဘာလို့   ယင်းရှောင်ကျဲ ဖြစ်နေရတာလဲ။

မုရှောင်းရှောင် သည် သူမ၏ အချစ်ရေးနဲ့ပတ်သတ်တဲ့  အတွေးအမြင်များ နက်နက်ရှိုင်းရှိုင်း ပျောက်ဆုံးနေတဲ့ စာသူငယ်လေးသကဲ့သို့ပင် အစောနက အိမ်မက်နဲ့ ပတ်သတ်ပြီး   ထိတ်လန့်နေရှာသည်။ဒါကို  မသိနားမလည်သော ဟန်ချီချင်က အိပ်နေရာကနေ  ထထိုင်ကာ  မုရှောင်းရှောင်လက်ကို ဆုပ်ကိုင်လိုက်ပြီး သူမကို ပွေ့ဖက်လိုက်သည်။ သူမနောက်ကျောကို ပွတ်သပ်ရင်း

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now