အပိုင်း ၂၇၇

728 54 1
                                    

Unicode


အပိုင်း  ၂၇၇- ငါ့ဘဝက မင်းအတွက်ပဲ။

မုရှောင်းရှောင် က အဲဒါကို တုံ့ပြန်လိုက်တဲ့အခါမှာတော့ သူမရဲ့မျက်နှာမှာ ရှက်ရွံ့မှုအရိပ်အယောင်တွေရှိခဲ့ပြီး

“နင်ဘာလုပ်ဖို့ကြိုးစားနေတာလဲ”

ယင်းရှောင်ကျဲ  သူမကိုနမ်းဖို့ကိုပဲ စဉ်းစားနေလို့မရဘူး။

မုရှောင်းရှောင် ၏နှလုံးခုန်သံ က တဒုန်းဒုန်းနဲ့ သစ္စာဖောက်နေသည်။

သို့သော်၊ယင်းရှောင်ကျဲ ၏ လက်ရှည်သည် သူမကို ဖြတ်သွားကာ ထိုင်ခုံခါးပတ်ကို ဆွဲချကာ

“မင်းရဲ့ထိုင်ခုံခါးပတ်ကို ချိတ်ဖို့ ငါကူညီပေးမို့လေ။ တခြားဘာလုပ်ရဦးမယ်လို့ ထင်နေတာလဲ"

မုရှောင်းရှောင် က

“သွား! ငါကိုယ်တိုင် ပတ်ထားလို့ရတယ်"

ယင်းရှောင်ကျဲ သည် သူ့မျက်နှာလေးကို ကြည့်ပြီး ပြုံးကာ ထိုင်ခုံဆီသို့ ပြန်သွားသည်။

သူမ ထိုင်ခုံခါးပတ်ကို ပတ်ထားကြောင်း သေချာပြီးနောက် ကားကို စတင် မောင်းခဲ့သည်။

ကွန်ဒိုပြန်ရောက်တော့ တော်တော်နောက်ကျနေပြီ ဖြစ်သာ်။

မုရှောင်းရှောင် ဧည့်ခန်းထဲကို ဝင်လိုက်တာနဲ့ သူမဟာ ခါတိုင်းလိုပဲ ဆိုဖာပေါ် လှဲချလိုက်သည် ။

"ကျဲ ငါ ဗိုက်ဆာနေတယ်…"

စားပွဲပေါ်တွင် သော့များချထားကာ ၊ ဖုန်းနှင့်စကားပြောနေသော ယင်းရှောင်ကျဲက မုရှောင်းရှောင် ကို ပေါ့ပေါ့ပါးပါး စိုက်ကြည့်နေသည်။

“မနက်ဖြန် စုံစမ်းမှု လုပ်ပြီး ရလဒ်ကို တတ်နိုင်သမျှ အမြန်ဆုံး ပေးပါ…”

သူပြောသော နောက်ဆုံးစာကြောင်းကို ကြားလိုက်ရသည်နှင့် ဆိုဖာပေါ်တွင် လဲလျောင်းနေသော မုရှောင်းရှောင် သည် လှည့်၍ သူ့ကိုကြည့်ကာ ထထိုင်လိုက်သည်။

ယင်းရှောင်ကျဲ က သူမကိုကြည့်ရင်း ဖုန်းကို ချလိုက်ပြီး

"ဘာစားချင်လဲ? အခုအချိန် မှာလို့ရတာ အများကြီး မရှိဘူး ။”

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now