အပိုင်း -၂၉၃

668 45 0
                                    

Unicode
အပိုင်း  ၂၉၃ - မသွားနဲ့

မုရှောင်းရှောင်တို့ ဆေးရုံသို့ရောက်ရှိချိန်ကျမှ  လုရိချန် ၏မိခင် တစ်ခုခုဖြစ်ခဲ့သည်ကိုသာ သိလိုက်ရသည်။ သူမ အလုပ်လုပ်နေစဉ် ရုတ်တရက် မူးလဲသွားကာ  အချိန်ကာလတစ်ခုအထိပင် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေခဲ့သည်။

နောက်​ဆုံး လုရိချန် ​​ရောက်​လာ​တော့ လုမားမားသည်​ ခွဲစိတ်​ခန်းထဲက ထွက်​လာပြီး လူနာခန်း​ထဲတွင်​ ​နနေရာချထားပြီဖြစ်​သည်​။

"မေမေ အဆင်ပြေရဲ့လား"

လုရိချန် က သူနာပြုတစ်ဦးကို မေးလိုက်သည့်  သူ့မျက်နှာက တင်းမာလို့ နေသည်။ သူနာပြုဆရာမက စိတ်အေးအေးထားရန်ပြောပြီး

“လောလောဆယ် အဆင်ပြေပါတယ်၊ ဒါပေမယ့် အသေးစိတ် ကျန်းမာရေး အစီရင်ခံစာကိုတော့ ဆရာဝန်က ပြောပြပါလိမ့်မယ် ။ရှင်က  လူနာ၏ဆွေမျိုးဖြစ်တယ်ဆိုရင် နောက်ပိုင်း အသေးစိတ်အချက်အလက်အတွက် ဆရာဝန်ကို မေးမြန်းနိုင်ပါတယ်။ အခုအချိန်မှာ လူနာက အိပ်ပျော်နေတော့ သူမကို စိတ်အနှောင့်အယှက် မပေးပါနဲ့။ အခုချက်ချင်း အနားယူဖို့လိုတာကြောင့် သဘာဝအတိုင်း နိုးလာရင် အကောင်းဆုံးဖြစ်မှာပါ။”

လုရိချန် သူနာပြုကို ကျေးဇူးတင်စကား ပြောပြီးနောက် ကုတင်ပေါ် လျှောက်သွားကာ မိခင်၏ မျက်နှာကို ငုံ့ကြည့်လိုက်သည်။ သူ့အကြည့်တွေက  မိခင်၏မျက်နှာ ဘယ်လောက်တောင် ဖြူဖျော့နေလဲဆိုတာ မြင်လိုက်ရတော့ ရင်တွေ နာကျင်သွားရသည်။

မုရှောင်းရှောင် နှင့် ဟန်ချီချင် သည် ခပ်ဝေးဝေးတွင် ရပ်နေမိကြသည်။

သို့သော်၊ ဤနေရာသည် လူနာပေါင်းစုံအခန်းဖြစ်ပြီး အခြားလူနာများမှာလည်း  ရှိနေတာကြောင့် အနည်းငယ်ဆူညံနေသည်။ ဒေါသကြီးသော အသံများဖြင့် စတင်ငြင်းခုံနေကြသည့် စုံတွဲတစ်တွဲပင် ရှိနေသေးသည်။ အခြားကုတင်ပေါ်တွင်တော့ အမျိုးသမီးတစ်ဦးက  ကျယ်လောင်စွာ ငိုကြွေးနေသော ကလေးတစ်ဦးကို ပွေ့ဖက်ထားသည်။

ဒီလိုပတ်ဝန်းကျင်မှာ ဘယ်သူမဆို ကောင်းကောင်းအနားယူနိုင်ပါ့မလား။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now