အပိုင်း - ၁၆၂

1.2K 87 0
                                    

Unicode

အပိုင်း - ၁၆၂   မိုက်မဲတဲ့ ကလေးမလေး


မုရှောင်းရှောင် ဤစကားကိုကြားပြီးနောက် အနည်းငယ်စိတ်မကောင်းဖြစ်မိသည်။ နောက်ဆုံးတော့၊ လူတစ်ယောက်ရဲ့ နောက်ခံဟာ ကံကြမ္မာနှင့် သက်ဆိုင်သည်။  ပြောင်းလဲနိုင်တဲ့ အရာတော့ မဟုတ်။

ဟန်ချီချင်က ဝမ်းနည်းစွာ ငြီးတွားရင်း

"မိုးနတ်မင်းက ဘာလို့ မတရားရတာလဲ..."

လုရိချန်ကသာ ထင်ရှားကျော်ကြားသော မိသားစုမှ ဆင်းသက်လာပါက သူမတို့သည် လူမှုအဆင့်အတန်းအရ လိုက်ဖက်ညီပြီး ယင်းရှောင်ကျဲ နှင့် မုရှောင်းရှောင်တို့ကဲ့သို့ ငယ်သူငယ်ချင်းများအဖြစ် ကြီးပြင်းလာပေမည်။ ပြီးဝော့ သူတို့ရဲ့ ခံစားချက်တွေကို ဖြည်းဖြည်းချင်း ပြုစုပျိုးထောင်နိုင်ပြီး လူတွေရဲ့ မနာလိုဖြစ်ရတဲ့ ချစ်သူစုံတွဲတစ်တွဲအဖြစ် အတူတူ ဘ၀ကို ဖြတ်သန်းနိုင်သည်။ မုရှောင်းရှောင် ဟန်ချီချင်ကို  ကြည့်လိုက်ကာ  သူမရဲ့မျက်လုံးထဲ ဘာသဘောထားမှ မပါ၀င်ပေ ။ ပြီးမှ

"သူ့မှာ အကောင်းဆုံးနောက်ခံမရှိပေမဲ့ သူ့ကိုယ်ပိုင်အရည်အချင်းတွေကို အသုံးချပြီး သူ့နယ်ပယ်မှာ အကောင်းဆုံးဖြစ်လာမယ်လို့ ငါယုံကြည်တယ်"

ဟန်ချီချင်ကလဲ ယုံကြည်မှု အပြည့်နဲ့ မုရှောင်းရှောင်ကို ပြန်ကြည့်ကာ

"ဟုတ်​တယ်​ ငါလည်းယုံတယ်​!"

သူမ စိတ်အားထက်သန်သွာ  ခေါင်းညိတ်သ‌ဘောတူမိသည်။

ပြီးမှ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြုံးပြမိကြသည်။

"ကောင်းပြီ အိပ်ရအောင်။"

မုရှောင်းရှောင်က က စောင်ကို သူမကိုယ်ပေါ် ဆွဲတင်ကာ ပြောလိုက်သည်။

"ကောင်းပြီ ဒါဆို မီးပိတ်တော့မယ်"

ဟန်ချီချင်  က ကုတင်ဘေးက စားပွဲပေါ်ရှိ မီးအိမ်ကို မပိတ်မီ ပြန်ဖြေသည်။

သူမသည် မုရှောင်းရှောင် ကိုပြောစရာတစ်ခုခုရှိနေသလိုခံစားရသော်လည်း သူမပြောချင်သောအရာကို မေ့သွားခဲ့သည်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Donde viven las historias. Descúbrelo ahora