Unicode
အပိုင်း - ၁၉၇ မင်းမရှိရင် ငါမလုပ်နိုင်ဘူး။
လုရိချန်ရဲ့ စကားကို ကြားလိုက်သောအခါ မုရှောင်းရှောင် သူ့အတွက် စိတ်မကောင်းဖြစ်မိသောကြောင့် သူမ၏နှလုံးသားကပါနာကျင်လာသည်။ငယ်ငယ်ကတည်းက သူငယ်ချင်းတွေရဲ့ အိမ်မှာ မအိပ်ဖူးဘူးလား ။
လုရိချန် ကျောင်းကနေ အိမ်ကို အမြဲ တစ်ယောက်တည်း ပြန် လေ့ရှိ တာကို သတိရသွားသည်။ သူက အမြဲ တစ်ယောက်တည်းပြ နေတတ်ပြီး သူ့ကိုယ်သူပဲ စောင့်ရှောက်ရကာ သူ့ထံတွင် သူငယ်ချင်းကောင်းများလဲ ရှိပုံမပေါ်ပေ။
မုရှောင်းရှောင် က ယင်းရှောင်ကျဲကို လေးလေးနက်နက်ကြည့်ကာ
"ဒါဆို ငါတို့ ဘာလုပ်ရမလဲ"
ယင်းရှောင်ကျဲ က စိတ်ပျက်လက်ပျက်ဖြင့် သူ့လျှာကို ကျွတ်ခနဲ စုတ်သပ်လိုက်ကာ လုရိချန် ကို တစ်ချက်ကြည့်လိုက်ပြီး တစ်စုံတစ်ခု ဆွေးနွေးရန် ဆရာဝန်ဆီသို့ သွားလိုက်သည်။
မိနစ်အနည်းငယ်ကြာတော့ သူပြန်လာပြီး လုရိချန်ကို
"မင်း ဆေးရုံက ဆင်းလို့ရပြီ"
လို့ပြောလေသည် ။
လုရိချန် ၏ မျက်လုံးများ ပြူးကျယ်သွားကာ အနည်းငယ် တုန်လှုပ်သွားပြီး
"တကယ်လား?"
ဟု ဆိုကာ ကုတင်ပေါ်မှ အမြန်ထရန် ကြိုးစားသည်။
ဒါပေမယ့် ယင်းရှောင်ကျဲ က
"ဒါပေမယ့် မင်းငါ့ရဲ့ အစီအစဉ်တွေကို လက်ခံရမယ်။ ပထမ၊ မင်းကို ပြုစုဖို့ မင်းရဲ့နေရာကို အထူး သူနာပြု စေလွှတ်ပေးမယ်။ ဒုတိယအနေနဲ့ နေ့ဘက် မင်းဆေးရုံကို ပြန်လာရမယ်၊ ညပဲ အိမ်ပြန်အိပ်လို့ရမယ်။"
“ဒါ…”
လုရိချန် က ခဏ တွေဝေကာ တုံ့ဆိုင်းနေသည်။
"ဒါပေမယ့် ငါ့မှာ အတန်းတက်စရာရှိတယ်"
ယင်းရှောင်ကျဲ က အေးစက်စွာ ရယ်မောလိုက်ပြီး
YOU ARE READING
ချစ်ခြင်းဘီလီယံ 2 ( Billion of Pampering Only For You 2 )
RomanceThis Novel is not my owned. I am just translate it to Myanmar .(Unicode +ZawGyi) All Credits give to the owner . I don't own any creations . All creations go to original author and Eng translators. ချစ်ခြင်းဘီလီယံ 2 ငယ်ပေါင်းကြီးဖော်တွေဖြစ်တဲ့...