အပိုင်း - ၁၃၆

1.4K 109 2
                                    

Unicode

အပိုင်း - ၁၃၆  သူမအတွက်

" အသံတွေ၊ အသံတွေ တိတ်ကြ "

အင်္ဂလိပ်ဆရာမက မုရှောင်းရှောင် ရဲ့ စားပွဲပေါ်  တုတ်နဲ့
ခေါက်လိုက်ပြီး သူမမျက်နှာက ရွှင်မြူးလို့‌ နေသည်။
ထို့နောက်သူမဦးခေါင်းကို မော့ကာ  လူတိုင်းကို

"မင်းတို့ အင်္ဂလိပ်စာ ပြောတတ်တာနဲ့ အင်္ဂလိပ်စာ သင်ယူဖို့
မလိုဘူး စဉ်းစားမနေကြနဲ့ , မုရှောင်းရှောင်လိုမျိုး မဖြစ်စေနဲ့  စကားစမြည်ပြောတတ်တာနဲ့ စာမေးပွဲက တူတာမဟုတ်ဘူး မှတ်ထားကြ ... အမလေး "

ဆရာမ ပြောရင်း စာသင်တဲ့ သင်ပုန်းဘက်သို့ လမ်းလျှောက်လာပေမယ့်  စကားအဆုံးတွင် ခြေထောက်တစ်ဖက် ရုတ်တရက် ဆန့်ထွက်လာသည်။ ခေါင်းကို မော့ကာ လျှောက်လာတာ ဖြစ်နေတော့ ခြေထောက်ကို မမြင်ဘဲ  ချော်နင်းမိသွားသည်။ လဲကျလုနီးပါးဖြစ်သွားပေမဲ့ သူ့ဘေးက စားပွဲနှစ်ခုကို ရှက်စရာကောင်းတဲ့ အနေအထားနဲ့ ဆုပ်ကိုင်လိုက်နိုင်ပြီး နောက်ဆုံးတော့ သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းလိုက်သည်။ ဆရာရဲ့ ကို့ရို့ကားယားအခြေအနေကြောင့်  ကျောင်းသားအချို့က အားနာခြင်းမရှိဘဲ  ရယ်မောကြသည်။ အင်္ဂလိပ်ဆရာမက ရှုံ့မဲ့ကာ မတ်တတ်ရပ်ပြီးနောက် ခြေထောက်ထုတ်ထားတဲ့  ယုကျန် ကို လှည့်ကြည့်လိုက်ပြီး

ယုကျန် က သူမကို  ပုခုံးတွန့်ပြပြီး

"တောင်းပန်ပါတယ် ဆရာမ။ ကျွန်တော် တမင်လုပ်တာ မဟုတ်ပါဘူး"

တကယ်တမ်း ယုကျန်က တမင်လုပ်တာသိသာပေမယ့် သူက သိသာထင်ရှားလွန်းတဲ့ အပြုံးလေးတစ်ခုနဲ့  တောင်းပန် နေတဲ့ပုံစံက  အလွန်ရိုးသားလွန်းသည်။ ထိုစကားနှင့်အတူ ယုကျန်  မုရှောင်းရှောင်အား ကူညီနိုင်မှုအတွက် ဂုဏ်ယူမိသလို ပြုံးကာ ကြည့်လိုက်သည်။ အင်္ဂလိပ်ဆရာမက ရှက်လွန်းလို့ မျက်နှာနီရဲနေသည်။  သို့သော် ယုကျန် ကို ဘာမှပြန်လုပ်ပေးနိုင်ခဲ့ဘဲ သူမဒေါသကို မျိုချဖို့ကလွဲလို့ ရွေးစရာလမ်းမရှိပေ။ "

နောက်တစ်ခါသတိထားပါ။ မင်းခြေထောက်ကို ထပ်မထုတ်နဲ့။ ငါလဲကျရင်  တော်သေးတယ် ၊ ဒါပေမယ့် တခြားကျောင်းသားတွေလဲကျရင် ဘယ်လိုလုပ်မလဲ? "

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now