အပိုင်း - ၂၀၈

987 69 0
                                    

Unicode

အပိုင်း -၂၀၈  ရိုမန်းတစ် ဆန်သော ခံစားချက်များမရှိ


ကားထဲသို့ဝင်သွားသည့်တိုင် ယင်းရှောင်ကျဲ  ၏အမူအရာမှာ ပျော့ပြောင်းမသွားပေ။

မုရှောင်းရှောင်က သူ့ကို ထပ်ပြီး စကားနဲ့ကျူးလွန်မိမှာ ကြောက်လို့ စကားမပြောရဲတော့ဘဲ ခေါင်းငုံ့ပြီးသာ ဦးနှောက်တွေ အလုပ်ပေးနေမိသည်။  ယင်းရှောင်ကျဲ ကို ဘယ်လို နှစ်သိမ့်ရမလဲ ဆိုတာကိုပေါ့

ရုတ်တရက် ယင်းရှောင်ကျဲ က ကားရပ်လိုက်ပြီး

" မင်း ပြောတဲ့ အဲ့ဒီသူငယ်ချင်းမိတ် ဆွေပါလို့ ထင်နေတဲ့ ကောင်က  မင်းကို သူငယ်ချင်းလိုမဟုတ်ဘဲ တခြားဘာမှစိတ်မှ မရှိဘူးလို့ မင်းတကယ်ထင်နေတာလား? "

မုရှောင်းရှောင်က သူ့ကိုကြည့်ဖို့ ခေါင်းကို မော့လိုက်သည်။ သူမနှင့် စကားပြောရန် သူ ဘက်က အစပြုခဲ့ခြင်းအတွက် ဝမ်းသာအားရဖြင့်  သူမ  ခေါင်းကို တွင်တွင်ညိတ်ပြီး

"ဟုတ်ပါတယ်ဆို ၊ နင် တို့ နှစ်ယောက်လုံးက အတွေးလွန်နေကြတာ၊ ငါ့ အမေရိကမှာတုန်းကလည်း သူငယ်ချင်းတွေအများကြီးရှိတယ်၊ သူတို့ကလဲ  ငါ့ကို အရမ်းဂရုစိုက်ကြတာပဲကို ဂရုစိုက်အလေးပေးတာနဲ့ပဲ အားလုံးက ငါ့ကို ကြိုက်တယ်လို့ ယူဆလို့ မရဘူးလေ ဟုတ်တယ်  မှတ်လား? "

"ယောက်ျားလေး သူငယ်ချင်းရှိတာလား?"

ယင်းရှောင်ကျဲ  က သူမကို လှည့်ကြည့်လိုက်ပြီး မျက်လုံးများ  မှေးကျဉ်းကာ မေးလိုက်သည်။

မုရှောင်းရှောင် ခေါင်းညိတ်လိုက်ကာ

  "ယောက်ျားလေးရော မိန်းကလေးရော ရှိတယ် "

ယင်းရှောင်ကျဲ  မီးနီ နေတဲ့အခွင့်အရေးကို  သုံးပြီး သူမ၏မျက်နှာကို သေချာလေ့လာစစ် ဆေးလိုက်သည်။ သူမ၏ မျက်လုံးများသည် ကြည်လင်ပြတ်သားပြီး အပြစ်မရှိဟု ဆိုလိုသည့် အပြင် သူမပြောသည့်အရာသည် အမှန်တကယ်ဟု ပြောနေသလိုပင်။

ယင်းရှောင်ကျဲ  ကူကယ်ရာမဲ့သော တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားသည်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now