အပိုင်း -၁၆၇

1.1K 86 0
                                    

Unicode

အပိုင်း - ၁၆၇ သူတို့တစ်ညလုံး အတူတူနေခဲ့ကြတာ လား။

မုရှောင်းရှောင် လည်း ပြုံးကာ ခေါင်းညိတ်လိုက်သည်။

"ဒါကို ငါတကယ်တွေ့ချင်ပါရဲ့ "

မည်သို့ပင်ဆိုစေကာမူ ယင်းရှောင်ကျဲသည် မိနမးမတစ်ယောက်ကြောင့်  သူမအား S အတန်း မှ နှင်ထုတ်မည်ဟု သူမယုံကြည်ပေ

သူလုပ်ရဲလျှင်ပင် ကျောင်းအုပ်ကြီးကထိုသို့လုပ်ဝံ့မည်မဟုတ်ပေ။ ယင်း မိသားစုကသာ သိသွားရင် ယင်းရှောင်ကျဲ   သူ့မိသားစုဆီကနေ သေတဲ့အထိ ကြိမ်းမောင်းခံရမှာ သေချာတယ်။

မုရှောင်းရှောင် သည် ပိုင်မိန်ကျောင်းကို ခွန်းတုန့်ပြန်ရန် ပျင်းလွန်းလှသည်။ သူမကို လျစ်လျူရှုကာ တောက်လျှောက် လှည့်ပတ်ကာ ယုကျန် နှင့် အေးအေးဆေးဆေး စကားစမြည်ပြော နေလိုက်သည် ။

ယုကျန် က သူ့ထိုင်ခုံကို လှည့်လိုက်ပြီး စားပွဲပေါ် လက်နှစ်ဘက် တင်ကာ သူမနဲ့  မျက်နှာမူကာထိုင်လိုက်သည်။ပြီးမှ  နှစ်ယောက်စလုံးကြားရုံမျှသာရှိသော အသံတိုးတိုးလေးဖြင့်

"သခင်လေးကျဲ ဒီတစ်ခါ အရမ်းထူးဆန်းနတယ်၊ ​​ဒီမိန်းမကို ဒီလောက်ထိ ကြိုက်ပုံမပေါ်ဘူးဆိုတာ သိသာထင်ရှားပါတယ်။ ဒါပေမယ့် ဘာလို့များ သူနဲ့ ပြန်တွဲလိုက်ရတာလဲ၊ ?"

ဤအရာသည် လူအများစု၏ နားလည်နိုင်စွမ်းထက် ကျော်လွန်ခဲ့သည်။

ထို့အပြင်၊ သခင်လေးကျဲတွင် မရေမတွက်နိုင်သော ချစ်သူရည်းစားများ ရှိခဲ့ပြီး ယခင်က ၎င်းတို့နှင့် ပြန်လည်သင့်မြတ်ကာ တွခြင်းမျိုးကို မည်သူမှ မမြင်ဖူးခဲ့ပေ။ လမ်းခွဲပြီးတာနဲ့ သူတို့အကြောင်းတွေကို သူအမြဲမေ့လိုက် တော့တာပင် ။

မုရှောင်းရှောင် အနည်းငယ် စိတ်တိုတိုနှင့် ပြန်ပြောလိုက်မိသည်

"မသိဘူး!"


ပြီးတော့ သူမ တကယ် လည်း မသိချင်ဘူး!

ယင်းရှောင်ကျဲ ရဲ့ နာမည်ကို အခု စဉ်းစားလိုက်တိုင်း သူမ တကယ်ကို ဒေါသထွက်သွားသလို သူမရဲ့ ရင်ဘတ်ကလည်း တင်းတင်းကြပ်ကြပ် လေးလံလာသည်

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Hikayelerin yaşadığı yer. Şimdi keşfedin