Unicode
အပိုင်း - ၁၁၂
ယင်းရှောင်ကျဲ အသက်ပြင်းပြင်းရှုရင်း သူ့ကိုယ်သူ ကျိန်ဆဲ
သံပေးမိသည် သူရဲ့ ရှည်လျားသောသောလက်တွေကိုဆန့်ထုတ်ရင်း မုရှောင်းရှောင်အား သူ့ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်သည်။ ပြီးမှ ဒေါသထွက် နေတဲ့ အသံနဲ့ သူမနား နားကိုကပ်ပြီး“ ကောင်မစုတ်လေး !"
သူမမျက်ရည်များကိုမြင်လိုက်ရသည်နှင့် သူစောစောက စိတ်တိုပြီး အော်ဟစ် ပြောဆိုမိသမျှအတွက်နောင်တရနေပြီ ဖြစ်သည်
သူမနှုတ်ဖျားကနေ သူမတို့နှစ်ယောက်ကြားဘာမျှမရှိကြောင်းအခြားသူများအား ပြောပြတာကိုကြားလိုက်ရတဲ့အခါ သူရူးမတတ်ဖြစ်သွားသည် ။ အစကတော့ သူမကို ကိုယ့် ဖော်တဲ့ဆေးကိုယ်ပြန်သောက်ခိုင်းမလို့ပင်
ဒါပေမယ့် ရုတ်တရက်ကြီး မျက်ရည်တွေကျကာ ထငိုမယ် လို့ ဘယ်သူက ကြိုသိမှာလဲ သူမရဲ့ အပြုအမူကြောင့် သူကပဲ စိတ်ရှုပ်ထွေးရပြန်သည် ။
မုရှောင်းရှောင် သူမခေါင်းကို ယင်းရှောင်ကျဲ ရင်ခွင်ထဲမှာ ဝှက်ထားရင်း ရှိုက်ငိုနေကာ
"ကျဲ ... ငါမှားတာပါ။ နောက်ဆို ငါ ဒါတွေ မပြော တော့ဘူ
နော် အဟင့် အဟင့် စိတ်မဆိုးပါနဲ့ ငါတောင်းပန်ပါတယ် ""ကောင်းပြီ၊ ငါစိတ်မဆိုး တော့ဘူး။ ငါဒီတစ် ခေါက်တော့ ခွင့်လွှတ်ပေးလိုက်မယ်၊ ကောင်းပြီလား မငိုနဲ့"
ယင်းရှောင်ကျဲ စိတ် ဆက်မဆိုးနိုင်ဘံ ညင်သာစွာ သူမခေါင်းလေးကို ပုတ်ရင်း ပြောလိုက်သည် ။ သူရဲ့ ကြီးမားကျယ်ပြန့် တဲ့ လက်ဖဝါးနဲ့ ခေါင်း လေးကို ဖွဖွလေးဆုပ်ကိုင်ပြီး သူမစိတ်ကို ငြိမ်သွားအောင် လုပ်ပေးနေမိသည် ။
ယင်းရှောင်ကျဲ စကားကြောင့် မုရှောငါးရှောင် နှာခေါင်းရှုံ့လိုက်ကာ သူမမျက်ရည်များကို ပွတ်ဆွဲကာ သုတ်ပစ်လိုက်သည်။
ဒီအချိန်မှာ လူအများကြီးက အဆောင်ရှေ့မှာ ကော အပေါ်ထပ်မှာပါ ရောက်နေကြပြီဖြစါသည် ။
STAI LEGGENDO
ချစ်ခြင်းဘီလီယံ 2 ( Billion of Pampering Only For You 2 )
Storie d'amoreThis Novel is not my owned. I am just translate it to Myanmar .(Unicode +ZawGyi) All Credits give to the owner . I don't own any creations . All creations go to original author and Eng translators. ချစ်ခြင်းဘီလီယံ 2 ငယ်ပေါင်းကြီးဖော်တွေဖြစ်တဲ့...