Unicode
အပိုင်း - ၁၉၉ ရိုးရှင်းသည်မဟုတ်။
ယင်းရှောင်ကျဲက ဘာမှ မကြားရသလိုပင် သူဘာမှပြန်မဖြေဘဲ အပြင်ကိုကြည့်လိုက်ပြီး ကားကိုသာ မောင်းနေလိုက်သည်။သို့သော် မုရှောင်းရှောင် သည် လိမ်ရန်မလွယ်ကူပေ။ သူမ ယင်းရှောင်ကျဲ လက်ကိုဆွဲကာ
"ဟေး ဒီအကြောင်းကို နင်အတိအကျ ပြောပြ လုရိချန်ကို ဘာလို့ မုန်းနေရတာလဲ ? နင် ဘာလို့ သူ့အကြောင်းအရမ်းသိနေတာလဲ"
လို့မေးလိုက်မိသည်။
အဲဒါက အထူးဆန်းဆုံးပဲ။
ယင်းရှောင်ကျဲရဲ့ ပင်ကိုယ်စရိုက်အရ သူမုန်းတီးတဲ့ လူတွေအကြောင်း ကို တစ်ခုမှ သိမှာ မဟုတ်ပေ
ထို့အပြင် ယုကျန် တောင် လုရိချန်၏မိသားစုအခြေအနေကို ရှင်းရှင်းလင်းလင်း မသိဘဲ ဆင်းရဲသောနောက်ခံမှလာကြောင်းကိုသာသိသည်။ လုရိချန်သည် Single Mom တစ်ယောက်တည်းက ပြုစုပျိုးထောင်လာတဲ့ သား ဖြစ်ကြောင်း မည်သူမျှ မသိခဲ့ကြပေ။
ဒါပေမယ့် ယင်းရှောင်ကျဲ က အဲဒါကို ဘယ်လိုသိတာလဲ။
မုရှောင်းရှောင် သူမသည် ကြွက်လိုမျိုး တရှုံရှုံလုပ်ကာ မသင်္ကာစရာအနံ့ရသည်ဟု ထင်ခဲ့သည်။ ယင်းရှောင်ကျဲ သူမကိာ တစ်စုံတစ်ခုကို ဖုံးကွယ်ထားတာလား။ သူတို့၏ အငြင်းပွားမှုသည် ဟန်ချီချင် ပြောပြထားသည့်အတိုင်း အမှန်တကယ်ရိုးရှင်းပါသလား။
"ဟေး ယင်းရှောင်ကျ ပြောပြလို့ !"
ယင်းရှောင်ကျဲ တိတ်တိတ်ဆိတ်ဆိတ်နေနေတာကို မြင်လိုက်ရတော့ သူမ ပိုသိချင်လာသည်။ ယင်းရှောင်ကျဲ က သူမကို မနာလိုတဲ့အကြည့်နဲ့ လှည့်ကြည့ပြီး သူ့လက်မောင်းကို ဆုပ်ကိုင်ထားတဲ့ မုရှောင်းရှောင်ရဲ့လက်ကို ကြည့်ပြီး
"ရှောင်းရှောင်း ကားမောင်းနေတုန်းလက်ကို လာဆွဲတာ ဒါက အရမ်းအန္တရာယ်များတာ မင်းမသိဘူးလား မင်းက အခုထိဆွဲနေတုန်းပဲလား။"
မုရှောင်းရှောင် ဟာ ကားလမ်းမှာ ကားတွေ ပြေးနေတယ်ဆိုတာ မြင်လိုက်ရပြီး ဒါဟာ တကယ့်ကို အန္တရာယ်များတာ အမှန်ပင်။ ထို့နောက် သူမသည် အမှန်တကယ် မတော်တဆမှု မဖြစ်စေရန်အတွက် ရှက်ရွံ့စွာ လက်ကို ရုတ်သိမ်းလိုက်သည်။ သူမရဲ့ ဘဝ လေး သည် အဖိုးတန်လွန်းလှသည်။
YOU ARE READING
ချစ်ခြင်းဘီလီယံ 2 ( Billion of Pampering Only For You 2 )
RomanceThis Novel is not my owned. I am just translate it to Myanmar .(Unicode +ZawGyi) All Credits give to the owner . I don't own any creations . All creations go to original author and Eng translators. ချစ်ခြင်းဘီလီယံ 2 ငယ်ပေါင်းကြီးဖော်တွေဖြစ်တဲ့...