အပိုင်း - ၂၀၇

1K 73 0
                                    


Unicode

အပိုင်း - ၂၀၇  လုံလောက်ပြီလား


မုရှောင်းရှောင်သည် သူမအား မည်သို့နှစ်သိမ့်ရမည်ကို မူလက တွေးနေခဲ့သော်လည်း ထိုစကားကြားပြီးနောက် သူမ အေးခဲသွားသည်။

"အာ ? နင် က လုရိချန် က ငါ့ကို ကြိုက်နေတယ်လို့​ပြော​နေတာဘလား ..? မဖြစ်နိုင်ဘူး!"

ဟန်ချီချင် ၏ ယူဆချက်ကို သူမ အလျင်စလို ငြင်းဆိုလိုက်ပြီး တစ်ချက်လေးတောင်  တုံ့ဆိုင်းခြင်း မရှိပေ။

သို့သော် ဟန်ချီချင် က ရှုံ့မဲ့စွာဖြင့်  ပြုံးနေသည်။

"ဒါက ဘယ်လိုမှမဖြစ်နိုင်ပါဘူး"

လုရိချန် ခါတိုင်းလို အေးစက်သော အမူအရာမရှိဘဲ မိန်းကလေးတစ်ဦးနှင့် သာယာစွာ ဆက်ဆံပြောဆိုခြင်းကို သူမ ပထမဆုံးအကြိမ် မြင်တွေ့ခြင်းပင်

သူမသည် ယခင်ကတည်းက လုရိချန် အေးစက်စက်နိုင်တဲ့ အမှန်တရားကို မျက်ကွယ်ပြုရန် ရွေးချယ်ခဲ့သေးသည်။သို့သော်  လုရိချန် မုရှောင်းရှောင်နဲ့ အချိန်တိုလေးအတွင်းမှာပဲ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးသွားကြောင့်း သိလာရတဲ့အခါမှာရော ဒါက  ဘယ်လိုဖြစ်ရတာလဲ .

ယခုတော့ သူမကိုယ့်ကိုကိုယ် လှည့်ဖြား နေခြင်း အလို မရှိတော့ပေ ။


နှလုံးသားရေးရာနဲ့ပတ်သက်လာရင် အချိန်က အရေးမပါဘူး။

မုရှောင်းရှောင် သူမကို ဆွဲထားတဲ့ ယင်းရှောင်ကျဲ  လက်မောင်းကို အလျင်အမြန် ဖယ်လိုက်သည်။ သူ၏ချောမောသောမျက်နှာပေါ်ရှိ နက်မှောင်သောအသွင်အပြင်ကို လျစ်လျူရှုကာ သူမသည် အလျင်အမြန် ရှေ့သို့တိုးပြီး  ဟန်ချီချင်ကို ပွေ့ဖက်လိုက်သည်။

"သူ ငါ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးတာ သူငယ်ချင်းလို့ပဲ ယူဆလို့ပဲ နေမှာ ။ ဒါက   ငါ့ကို လုံးဝ ကြိုက်တယ်လို့ မဆိုလိုဘူး။ ဘယ်သူကများ သဘောကျတဲ့လူကို  ပေါ့ပေါ့ပါးပါးဆက်ဆံမှာလဲ ?"

ဟန်ချီချင်  မုရှောင်းရှောင်ပြောလိုက်သည့်စကားကြောင့် စိတ်လှုပ်ရှားနေပုံရပြီး ယခုတော့ သူမကိုယ်သူမ မသေချာမရေရာဖြစ်နေပုံရသည်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now