အပိုင်း -၁၄၆

1.4K 118 1
                                    

Unicode
အပိုင်း - ၁၄၆ မုရှောင်းရှောင်နဲ့ ဘာလုပ်ဖို့ စီစဉ် နေတာလဲ?


မုရှောင်းရှောင် ယုကျန် ကို ရှက်ရွံ့စွာ တစ်ချက်ကြည့်လိုက်ပြီး ယင်းရှောင်ကျဲ ကို

"မလိုပါဘူး၊ အခု အရမ်းသက်သာနေပြီ၊ မမူးတော့ဘူး"

သို့သော်လည်း ယင်းရှောင်ကျဲ က "တက်" ဟု ပိုင်စိုးပိုင်နင်း ပြောနေသေးသည်။ သူတို့အနားတွင် ယုကျန် သူ့ကိုယ်သူ စိတ်ထဲကနေ ရယ်မောလိုက်မိသည်။ သူ့ရဲ့ကြင်နာမှုကို ဖော်ပြချင်ပေမယ့် သူ့လည်ချောင်းက ထူးထူးခြားခြား ကပ်နေပုံရပြီး စကားတစ်ခွန်းမှ မပြောနိုင်ခဲ့။ မုရှောင်းရှောင်က သူ့ကို  အားနာစွာနဲ့ တောင်းပန်ပြီး

"ယုကျန် ၊ နင်အတန်းထဲ အရင်ပြန်သွားလို့ရပြီ၊ ငါ ဒီမှာ သူနဲ့ နေလိုက်ဦးမယ်။ ငါ့ကို ကူညီပေးတာ ကျေးဇူးတင်ပါတယ်၊ နောက်တစ်ခါမှ နင့်ကို ထမင်းလိုက်ကျွေးမယ်"

ယုကျန် နောက်ဆုံးတော့ သူ့အသံကိုသူ  ပြန်ရှာတွေ့သွားကာ

"ရှောင်းရှောင် မင်းက ယဉ်ကျေးလွန်းတယ်။ အနားယူဖို့ ကျောင်းဆေးခန်းကို အမြန်ပြန်သွား‌ တော့ "

ယုကျန် ယင်းရှောင်ကျဲ  ကိုကြည့်လိုက်ပြီး

"သခင်ငယ်ကျဲ ကျေးဇူးပြုပြီး ရှောင်းရှောင် ကို သေချာဂရုစိုက်လိုက်ပါ"

ထိုစကားကိုကြားသောအခါ ယင်းရှောင်ကျဲ ဒေါသစိတ်က ငယ်ထိပ်ကို ဖျတ်ခနဲ ရောက် လာသည်။ မကျေမနပ်နဲ့ ယုကျန်ကို စိုက်ကြည့်ကာ

"ရှင်းရှင်းပြောထားမယ် ! ရှောင်းရှောင်က ဒီမှာ ငါနဲ့သာ နီးစပ်တယ်။ မင်းဟာ အပြင်လူသက်သက်ပဲ၊ မင်း ငါ့ကို ဒီလိုပြောပိုင်ခွင့်ရှိလား?  မလိုဘူး။ မင်းမျက်နှာ ငါမမြင်ချင်လို့ ထွက်သွား !"

ဒီကောင် ဘာလို့ ဒီလောက် မျက်မုန်းကျိုးချင်စရာ ကောင်းနေရတာလဲ။

"ယင်းရှောင်ကျဲ !"

မုရှောင်းရှောင်က  ဒေါသထွက်ကာ အော်မိသွားသည်။

ယုကျန် မျက်နှာသည်လဲ  ဆိုးရွားစွာ ကြည့်ရဆိုးနေခဲ့သည်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now