Unicode
အပိုင်း ၂၇၆- အတိုင်းထက်မလွန်လာနဲ့ ။
သူမ၏ ဒေါသထွက်နေသော အကြည့်ကို မြင်လိုက်ရသည်နှင့် သူမ ပါးပြင်ကို ပုတ်ရန် သူ၏ သွယ်လျသော လက်ချောင်းများကို ဆန့်ထုတ်ကာ
"ဘာလို့ မပြုံးချင်တာလဲ။ ပြုံးပါ။”
မုရှောင်းရှောင် က သူ့ကို မျက်စောင်း တစ်ချက် ပစ်ကြည့်ပြီး
"ငါ မပြုံးချင်ဘူး!"
"မပြုံးပြဖို့ အကြောင်းပြချက်ရှိရမှာ မဟုတ်လား။"
“မရှိဘူး”မုရှောင်းရှောင် မျက်နှာလွှဲသွားပြန်သည်။ သူမသည် ဤအကြောင်းအရာကို ဆက်မဆွေးနွေးချင်တော့သဖြင့်
“ကားမောင်းတော့”
ဟုပြောလိုက်သည်။
သို့သော် ကားက မရွေ့ ယင်းရှောင်ကျဲထံမှလဲ အသံလည်း မကြားရ။
မုရှောင်းရှောင် အံ့ဩသွားပြီး သူမပခုံးကို လာထိတဲ့အခါ သူ့ကို စစ်ဆေးဖို့ လှည့်ကြည့်တော့
“ဒါက ဘယ်လိုလဲ”
လို့ ယင်းရှောင်ကျဲမေးလာသည်။
ဘာ?
မုရှောင်းရှောင် က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါယမ်းလိုက်သည်။ ယင်းရှောင်ကျဲ သည် ရယ်စရာကောင်းသော မျက်နှာထားကို မြင်လိုက်ရတာကြောင့် အဆင်သင့်မဖြစ်ဘဲ ရယ်မောလုနီးပါး ဖြစ်သွားသည်။
သို့သော်လည်း သူမ ရယ်ချင်စိတ်ကို သည်းခံထားကာ
“ကလေးဆန်တယ်၊ ရယ်စရာ လုံး၀မကောင်းဘူး!"
"အဲဒါ ရယ်စရာမကောင်းသေးဘူးလား? ဒါကောဘာလဲ?"
သခင်လေးကျဲသည် ဝက်မျက်နှာလိုဖြစ်စေရန် နှာခေါင်းကို လက်ညှိုးဖြင့် တွန်းထားတာကြောင့် သူ့ကိုယ်သူ အလွန်စတေးခဲ့ရသည်မှာ သေချာပါသည်။ တကယ်ကို ရယ်စရာဖြစ်နေပေမယ့်
မုရှောင်းရှောင် က ခေါင်းမာကာ သည်းခံပြီး မရယ်ဘဲ ခေါင်းယမ်းပြီး“ရယ်စရာလဲ မကောင်းဘူး! မောင်းတော့ !"
စိတ်ပျက်လက်ပျက်ဖြစ်သွားတဲ့ သခင်လေးကျဲသည် သူ့လက်ကို ချလိုက်ပြီး
YOU ARE READING
ချစ်ခြင်းဘီလီယံ 2 ( Billion of Pampering Only For You 2 )
RomanceThis Novel is not my owned. I am just translate it to Myanmar .(Unicode +ZawGyi) All Credits give to the owner . I don't own any creations . All creations go to original author and Eng translators. ချစ်ခြင်းဘီလီယံ 2 ငယ်ပေါင်းကြီးဖော်တွေဖြစ်တဲ့...