အပိုင်း- ၁၈၂

1.1K 102 0
                                    

Unicode

အပိုင်း -၁၈၂  သူ့ကို ခိုင်းစားရတာကို နှစ်သက်နေတာလား

စုန့်ရှီကျွင်း ချီချင်ရဲ့ နူးညံသော အပြုံးကို ကြည့်ပြီး လက်ဖက်ရည်ခွက် ကို ချက်ချင်း ကောက်ယူလိုက်သည် ။

"သူတို့ အတူတူ တွဲနေကြလို့လား"

ဆိုပြီး အတင်းမေးလိုက်မိတယ်။

"ငါမသိဘူး။"
ဟန်ချီချင်  ပခုံးတွန့်လိုက်ကာ မသချင်ယောင်ပဲ ဆောင်နေလိုက်ပြီး သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ကြိုက်‌နေတာ သိသာထင်ရှားပေမယ့် သူတို့ကိုယ်သူတို့ သတိတောင်မထားမိတဲ့အတွက် သူမ သူငယ်ချင်းမ လေးအရေးကိစ္စအတွက် စိတ်ပူသွားမိသည်။

စုန့်ရှီကျွင်း  ကတော့

"ဒါကငါက တော့ဒီလိုထင်တာပဲ! မာနကြီးတဲ့ သခင်လေးကျဲ က ရှောင်းရှောင် ကို အလိုလိုက်တာကိုပဲ ကြည့်၊ သူက တခြားသူတွေကို ဒီလိုအပြုအမူမျိုး ပြုမူတာ တစ်ခါမှ မတွေ့ဖူးဘူး။ သူအရမ်းကို ကြွေနေသလိုပဲကွာ "

ဟန်ချီချင် စုန့်ရှီကျွင်းနှုတ်က ထွက်လာတဲ့ စကားကြောင့်
ထိန်းမနိုင်သိမ်းမရ မျက်လုံးပြူးသွားရသည် ။ ပြီးမှ ပြန်ပြီး တည်ကြိမ်အောင်လုပ်ကာ

"ရှောင်းရှောင် အပေါ် ရဲ့  ယင်းရှောင်ကျဲရဲ့ အလိုလိုက်မှုက အခုကမှလား?"

ဟု အေးအေးဆေးဆေး လေး ပြန်မေးလိုက်တယ်။

သူမရဲ့ စကားတွေက စုန့်ရှီကျွင်း ကို အတိတ်ကို ပြန်သတိရစေပြီး ရုတ်တရက် ခေါင်းကို သူ့ခေါင်းသူ ခေါက်လိုက်တယ်။

"အိုး ဟုတ်တယ်၊ ငါဘယ်လိုမေ့သွားတာလဲ။ ဒီနှစ်ယောက်က ငယ်ငယ်လေးကတည်းက ဒီလိုလုပ်နေကြတာပဲ"

လို့ သူက အော်ပြောရင်း သူ့အသိဥာဏ်တွေ လင်းထက်လာခဲ့ရသည်။

ရှောင်းရှောင် နိုင်ငံရပ်ခြားတွင် ပညာသင်ကြားခဲ့သည့် လေးနှစ်တာကာလအတွင်း ရှောင်းရှောင် နှင့် လူတိုင်း၏ ဆက်ဆံရေးသည် နည်းသွားခဲ့ရသည်။ ထုံးစံအတိုင်း၊ သူတို့သည် ဤကဲ့သို့သော မြင်ကွင်းများကို မတွေ့မြင်ရသည်မှာ ကြာမြင့်နေပြီဖြစ်၍၊ ထိုအရာကို တဖြည်းဖြည်း မေ့လျော့သွားကြသည်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now