အပိုင်း - ၁၄၁

1.4K 111 1
                                    

Unicode

အပိုင်း - ၁၄၁ မုရှောင်းရှောင် ဘ၀အမှန် နဲ့ နောက်ခံ အနေအထား

မိနစ်အနည်းငယ်ကြာတော့ ယုကျန်က ဆရာဝန်ကို ဆွဲခေါ်လာခဲ့ပြီး ဖြစ်ပျက်ခဲ့တာတွေကို ဆရာဝန်ကို ပြောပြကာ မုရှောင်းရှောင်ကို  စစ်ဆေး စေခဲ့သည်။

ဆရာ၀န်က မုရှောင်းရှောင် သောက်ရန် ဂလူးကို့စ် အနည်းငယ် ပေးပြီးနောက် စစ်ဆေးမှုကို စတင်ခဲ့သည်။ပြီးမှ

"စိတ်လျှော့ပါ၊ မင်းမှာ ဒဏ်ရာဘာညာ မရှိဘူး၊ ထိတ်လန့်သွားတာ‌ကြောင့်ပါ ခဏလောက် အနားယူပြီးရင် နေလို့ကောင်းလာပါလိမ့်မယ်။ မင်းအတွက် ဆေးစာတစ်ခု ရေးပေးမယ်၊ ဒါဆို မနက်ပိုင်း အတန်းတက်စရာ မလိုတော့ဘူး။ဒါပေမယ့်  သတိ တော့ထားရမယ်။ နောက်တစ်ကြိမ်။ ဘောလုံး ဦးခေါင်းကို ထိတာက ကြီးမားတဲ့ အကျိုးဆက်တွေ ဖြစ်နိုင်ပြီး အလွန်ပြင်းထန်တဲ့ အခြေအနေတောင် ဖြစ်နိုင်တယ် "

"ကျွန်‌တော်တို့ နားလည်ပါပြီ ။ ကျေးဇူးတင်ပါတယ် ဒေါက်တာ"

ယုကျန် က မုရှောင်းရှောင် အစား ဖြေပေးသည်။ ဆရာဝန်က ယုကျန်ကိုကြည့်ရင်း ပြုံးကာ

"နောက်တစ်ခါ မင်းရဲ့ရည်းစားကို  သေချာဂရုစိုက် သူ့ကို မနာကျင်စေနဲ့။ ကောင်းပြီ ငါနဲ့လိုက်ခဲ့၊ မင်းကို ဆေးစာလက်မှတ်လုပ်ပေးမယ်။"

ခေါင်းမူးဝေနေမှုကြောင့် မုရှောင်းရှောင်၏ တုံ့ပြန်မှုသည် နှေးကွေးလွန်း နေသည်။ယုကျန်သည်  သူမရည်းစားမဟုတ်ကြောင်း မရှင်းပြရ‌သေးခင် ဆရာဝန်နှင့် ယုကျန် က ထွက်ခွာသွားခဲ့ပြီဖြစ်သည်။

"ရည်းစားလား?"  ဟန်ချီချင်က အံ့အားသင့်စွာအော်လိုက်ပြီး မုရှောင်းရှောင်ကိုကြည့်ရင်း မျက်လုံးများ ပြူးကျယ်သွား တော့သည်။

"သူက နင့်ရဲ့ရည်းစားလား။ ရှောင်းရှောင် နင် ပြန်ရောက်တာ ရက်ပိုင်းပဲရှိသေးပေမယ့် နင့်မှာ ရည်းစားရှိနေပြီ!"

မုရှောင်းရှောင်က  အတင်းပဲ ရှင်းပြရန် ကြိုးစားသည်

"အဲဒါမဟုတ်ဘူး၊ ငါတို့ကသူငယ်ချင်းတွေပဲ၊ စုံတွဲတွေမဟုတ်ဘူး၊ ဆရာဝန်က မှား ပြောသွားတာမှန်း နင်မပြောနိုင်ဘူးလား။ငတုံးရဲ့ !"

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Donde viven las historias. Descúbrelo ahora