အပိုင်း - ၁၀၅

1.9K 162 1
                                    

Unicode

အပိုင်း - ၁၀၅ အကျိုးဆက်ကို ခံရမယ်


မုရှောင်းရှောင် အတွေးများ ပျံ့လွှင့် နေရာက သွားပြီး

"အဲဒါသင်္ချာချိန်ထင်တယ်၊ ဒါပေမယ့် မသွားချင်ဘူး"

ဟုပြန်ပြောသည်။

အမှန်တော့သူမဟာအနှေးနဲ့အမြန်ဆိုသလို အမေရိကကို
ပြန်သွားရမှာဆိုတော့ ဒီနေရာက ပညာရေးကို သူမဂရုမစိုက်ခဲ့။ ထို့ကြောင့်သူမသည် တရုတ်ပြည်တွင်အတန်းတက်သည်ဖြစ်စေမတက်သည်ဖြစ်စေ သူမအနေနှင့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို
ဖြေခွင့်ရရန်မလိုပေ။

လုရိချန် သူမကိုခဏကြည့်ပြီးမဝံ့မရဲကြည့်နေသည်။
  နောက်ဆုံးသူက

"အာ  ... ကိုယ် အခု ကာယအတန်းရှိတယ်။ ဘတ်စကတ်ဘောပြိုင်ကြမှာ မင်းလာကြည့်ချင်လား? "

“ ကောင်းပြီ”

သူမကမစဉ်းစားဘဲသဘောတူလိုက်သည်။  ပြီးမှ သူမ ယင်းရှောင်ကျဲကို စဥ်းစားမိသွားပြီး ရုတ်တရက်မတ်တပ်ရပ်ပြီးသူ့ကိုပြောလိုက်တယ်

"အိုး ... ကျွန်မ အရေးပေါ် သွားစရာ တစ်ခုရှိတယ်။ သွားပြီးရင် လာခဲ့မယ်လေ !"

"အို‌ကေ ။ ဘတ်စကတ်ဘောကွင်း ဘယ်နားမှာလဲမင်းသိရဲ့လား?  "

လုရိချန် သူမက ကျောင်းသူအသစ် ဖြစ်တာကြောင့် နေရာကိုမသိတာဖြစ်နိုင်တယ်လို့ စဉ်းစားမိခဲ့သည်။

"မသိဘူး ... ဒါပေမယ့် ရပါတယ်။ တစ်ယောက်ယောက်ကိုမေးကြည့်လိုက်မယ်"

သူမသွားရန်အလျင်လို နေတာကြောင့် ပေါ့ပေါ့ပဲ ဖြေလိုက်သည်

လုရိချန် သူမအလျင်လို နေသောအမူအရာကိုမြင်သောအခါရယ်မောလိုက်သည်။  သူမကိုဆက်မဆွဲ ထားချင်တော့၊ ဒါ့ကြောင့်  သူက

"ဒါဆို ကိုယ် မင်းကိုမစောင့်တော့ဘူးနော် ။ နောက်မှ မင်းနေရာမတွေ့ရင် ကိုယ့်ကို ဖုန်းဆက်လိုက်"

"အင်း ၊ ဒီလိုပဲ လုပ်ကြတာပေါ့ သွားပြီနော် "

မုရှောင်းရှောင် ဒုတိယနှစ်တွေရှိတဲ့ ကျောင်းဆောင် ဘက်ကို ဦးတည်ပြီး ပြေးလိုက်တယ်။  သူမ အသက်ရှူကျပ်ပြီး ဒူးထောက်ကာ လက်များဖြင့် ရင်ကို ဖိပြီး သူမကိုယ်သူ သူမ အမောပြေသွားအောင် လုပ်လိုက်သည်။  သူမလှေကားပေါ်တက်ခါနီးမှာတစ်စုံတစ်ယောက်က ရုတ်တရက်သူမရဲ့လက်ကို ဆုပ်ကိုင်ပြီး လှမ်း ဆွဲလိုက်တယ်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now