အပိုင်း - ၁၂၈

1.4K 125 2
                                    

Unicode

အပိုင်း - ၁၂၈ သူနှင့် မင်းရဲ့ ဆက်ဆံရေး

လုရိချန် က သူရဲ့ သွယ်လျတဲ့ လက်ချောင်းတွေနဲ့ မျက်ခုံးကို အနည်းငယ် ပွတ်လိုက်ပြီး

"ကိုယ်ကို မင်း သူငယ်ချင်းအဖြစ် သတ်မှတ်ထားတယ်လို့ ထင်ခဲ့တာ ..... ကြည့်ရတာ မင်းဘက်ကတော့ အဲလို မဟုတ်ဘူးထင်တယ် "

လို့ ပြောရင်း အနည်းငယ် ဝမ်းနည်းသွားပုံရသည်။

"ဟုတ်ပါတယ် ဒါပေမယ့် မဟုတ်ဘူး၊ အဲဟုတ်လဲ ဟုတ်တယ်!"

မုရှောင်းရှောင် သည် သူမ သူငယ်ချင်းဖြစ်ချင်တယ်လို့ ပြောလိုက်ခဲ့သည်မှာ အမှန်မဟုတ်မှန်းသူကိုယ်တိုင်ပဲ သိတာကြောင့် တလွဲတွေ ဖြေရင်း အမြန် အမှန်ပြင်လိုက်မိသည်။ လုရိချန် သူမကို နားလည်မှုလွဲမှာကို ကြောက်၍ စပါးစေ့တွေကို ကိုက်နေတဲ့ ကြက်ကလေးတစ်ကောင်လို ခေါင်းကို ပြင်းပြင်းထန်ထန် ခါလိုက်သေးသည် ။ အစကတည်းက သူနဲ့ သူငယ်ချင်းလို ပေါင်းဖက်ချင်တာမှမဟုတ်တာ ...ရည်းစားရှိတယ်လို့ ထင်မိတာကြောင့် သူ့ကို သူငယ်ချင်းအဖြစ်ပဲ တွေးခဲ့တာပင် အခုဝောာ့ အဲဒီလို အတွေး ဘယ်လိုမတွေးနိုင်ဘူး ။

လုရိချန်နဲ့ သူမရဲ့ဆက်ဆံရေးက လဲ သည်လောက် မြန်မြန်ဆန်ဆန် တိုးတက်မည်ဟု သူမ တစ်ခါမှ မတွေးခဲ့မိခြင်းပင် ။ မူလက လုရိချန်သည် အခြားသူများကို သူ့နှလုံးသားထဲသို့ လွယ်လွယ်ကူကူ ၀င်ခွင့်မပြုဘဲ သူနှင့် အချိန်အတော်ကြာအောင် ပေါင်းသင်းရမည်ဟု သူမထင်ထားခဲ့တာ
ကြောင့်ပင် ဖြစ်သည် ။

ထို့ကြောင့် လုရိချန် မုရှောင်းရှောင် ဤသို့ပြောသည်ကို သူမကြားလိုက်သောအခါတွင် လုရိချန် အဖြေအတွက် ကျေနပ်သွားပုံရသည်။ သူ့အကြည့်တွေက သူမကို စိုက်ကြည့်ရင်း ပြုံးကာ သူ့ရှေ့က စတော်ဘယ်ရီကိတ်မုန့်ကို မုရှောင်းရှောင်ဘက်သို့ တွန်းပေးလိုက်ပြီး

"ဒါဆို ကိိုယ့်ကို ရိချန် လို့ ခေါ်ပါ၊ အဆင်ပြေလား??
မြန်မြန်ကိတ်မုန့်စား"

လို့ပြောလိုက်တဲ့အခါ

"ကောင်းပြီ ရိချန် !"

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now