အပိုင်း -၁၈၁

1.2K 103 0
                                    

Unicode

အပိုင်: ၁၈၁  သူမက ဒီလိုမျိုး ကပ်စီးကုပ်တာလား??

သူမသည် ရဲရင့်စွာနဲ့ ယင်းရှောင်ကျဲရဲ့ ပိုက်ဆံအိတ်ကိုကိုင်ပြီးယုံကြည်မှုရှိရှိ ပြောဆို‌ နေတာ‌‌ ကြောင့် လူအုပ်ကြီးက ရယ်ရမလား ငိုရမည်လား မသိကြ‌တော့ ။

တခြားသူရဲ့ပိုက်ဆံကိုသုံးပြီး သူတို့ကို  လိုက်ကျွေးရသလား?

မုရှောင်းရှောင် သာလျှင် ထိုလိုအရာမျိုးကို လုပ်နိုင်‌လေသည် ။

စုန့်ရှီကျွင်းသည် သူ၏ သဘောထားကို ပထမဆုံးထုတ်ပြောလာသူဖြစ်သည်။

"သခင်မလေး မု ၊ မင်းအဲလိုလုပ်လို့မရဘူး!"

ပိုက်ဆံအိတ်ပိုင်ရှင် မဟာသခင်လေး ယင်းရှောင်ကျဲက
စုန့်ရှီကျွင်းကို မကျေနပ်သလို စိုက်ကြည့်ကာ

"မင်းမှာ ပြဿနာရှိလား"

လို့ မေးလာသည်။

စုန့်ရှီကျွင်း  ချက်ချင်းပင် ပြန်ဆုတ်လိုက်ပြီး လက်နှင့် ခေါင်းကို ခါလိုက်ရင်း သူ့အမူအရာက ချက်ချင်း မှေးမှိန်သွားသည်။

"ဒါက ပြဿနာမရှိပါဘူး၊ ပြဿနာမရှိပါဘူး၊ ဘာဖြစ်လို့ ပြဿနာဖြစ်ရမှာလဲ ဟဲ ဟဲ "

စုန့်ရှီကျွင်း တခြားသူတွေကို မျက်လုံးပြပြီး တစ်ခုခုပြောပေးဖို့ တောင်းဆိုလိုက်သည်။

သို့သော် သခင်လေးယင်းကို မည်သူမျှ မဆန့်ကျင်ရဲကြပေ။
သေလိုသောဆန္ဒရှိမှသာလျှင် လုပ်ကြပေလိမ့်မည်။

ထို့ကြောင့် မည်သူမျှ စကားမပြောကြဘဲ အားလုံးက သူတို့ပတ်ဝန်းကျင်ရှိ ရှုခင်းများကို သဘောကျဟန်ဆောင် နေကြသည်။

အဲဒီအခါမှာပဲ မုရှောင်းရှောင်က ပြုံးပြီး

"ကောင်းပြီ၊ နင်က အဲလိုပြောတော့လဲ ငါသူ့ပိုက်ဆံအိတ်ကို မယူတော့ဘူး ...ဒါပေမယ့် ငါ့မှာ ငွေ တကယ်မရှိဘူး၊ ဒါကြောင့် ကတ်တစ်ကတ်နဲ့ ဖြေရှင်းရင် ရတယ် မဟုတ်လား"

ဒါကိုပြောပြီး သူမ ကျောပိုးအိတ်ထဲက ပိုက်ဆံအိတ်ကို ထုတ်လိုက်ကာ ပိုက်ဆံအိတ်ထဲက အနက်ရောင်ကတ်ကို ဆွဲထုတ်လိုက်ပြီး စားပွဲပေါ်တင်လိုက်သည်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now