အပိုင်း - ၁၃၅

1.5K 129 9
                                    

Unicode

အပိုင်း - ၁၃၅  ဒေါသမုန်တိုင်းကြမ်း

"မုရှောင်းရှောင် ! မင်း ငါ့ကိုလိမ်တယ်!"

ယင်းရှောင်ကျဲ က ဒေါသဖြင့် မုရှောင်းရှောင်  းကို စိုက်ကြည့်ရင်း အေးစက်သောလေသံဖြင့် ပြောလိုက်သည်။ အေးစက်သောလေသံက တစ်လောကလုံးကို ရက်စက်တော့မလိုပင်

"ကျဲ ၊ ငါပြောပြမယ် နော် နော်
အဲဒါက  အဲဒါက ငါ တမင်ရည်ရွယ်ပြီးတော့
လိမ်တာ မဟုတ်ပါဘူး၊ ငါ...ငါ "

မှုန်ယိုနေတဲ့ဆင်ရိုင်းတစ်ကောင်လို ဒေါသထွက်နေတဲ့ ယင်းရှောင်ကျဲကြောင့် မုရှောင်းရှောင်  ထိတ်လန့်သွားမိသည်။ သူ့ကိုသူမ ဘယ်လိုရှင်းပြရမှန်းမသိ ။သက်သေ အထောက်အထားတွေ ရှိ နေတာကြောင့် သူမ ဘာပဲပြောပြော တမင် လိမ်ညာနေတာပဲ ဖြစ်လိမ့်မည်။

ယင်းရှောင်ကျဲ ကြော်ငြာဘုတ်ဆီသို့ အမြန်လျှောက်လာပြီး ကပ်ထားတဲ့  ဓာတ်ပုံကို  ဆွဲခွာလိုက်သည်။ ပြီးမှ ဓာတ်ပုံကို အပိုင်းပိုင်းဖြစ်သွား အောင် တစ်စစီ ဆုပ်ဖြဲကာ  မုရှောင်းရှောင်  ဘက်လှည့်ပြီး သူမနားကို  ပစ်ချလိုက်သည်။

  သူ့ဒေါသကိုသူ  အတင်း ထိန်းနေရသလိုမျိုး  သူ့ရင်ဘတ်နိမ့်ချည်မြင်ချည်နဲ့ ဖောင်းလိုက်ပိန်လိုက်ဖြစ်နေပေမယ့်  မုရှောင်းရှောင်ကို အကြာကြီး  စိုက်ကြည့်ရင်း စကားတစ်ခွန်းမှ မပြောဘဲ ရပ်တော့သည် ။

"အမှန်တရား အမြဲထွက်ပေါ်လာတတ်တယ်။  အမှန်တရားကို ဖုံးကွယ်ထားနိုင်စွမ်းခြင်း မရှိဘူး" ဟူသော စကားရဲ့ အဓိပ္ပါယ်ကို ပထမဆုံးအကြိမ်အဖြစ် မုရှောင်းရှောင်  သိရှိနားလည် ခံစားခဲ့ရသည်။ ဒီလိုမျိုး ဖော်ထုတ်ခံရမယ်ဆိုတာကို သူမ မတွေးခဲ့ဖူး။

တစ်စုံတစ်ယောက်က သူမကို ဒုက္ခပေးချင်နေပြီး သူမနဲ့
ယင်းရှောင်ကျဲအကြား  ရန်ဖြစ်ရန် လှုံ့ဆော်ချင်သည်။

သူတို့ အောင်မြင်တယ်။

အချိန် အတော်ကြာမှ ယင်းရှောင်ကျဲ က

"ငါ့ကိုပြောစမ်း။ မင်းငါ့ကိုလှည့်စားဖို့ ဒီတစ်ခါ ဘယ်လိုအကြောင်းပြချက်မျိုး ပြချင်လဲ၊ ဟင် ရှောင်းရှောင် အခုကျ  မင်းဘာလို့ စကားတစ်ခွန်းမှ ထွက်မလာတာလဲ? ။ဟင် ငါ့ကိုပြော!"

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now