Unicode
အပိုင်း -၁၇၈ အားကျမှု၊ မနာလိုမှု၊ မုန်းတီးမှု
ဒီလိုမြင်ကွင်းမျိုးကို တစ်ယောက်ယောက် မြင်ဖူးပါသလား။
မြို့တော် Aရဲ့ နာမည်ကြီး မိသားစု ရဲ့ အမွေဆက်ခံသူတွေ ဖြစ်ကြနဲ့ ယင်းရှောင်ကျဲ , ဟန်ချီချင် တို့ပင်။ ပြီးတော့ စုန့်ရှီကျွင်းသည် မြို့တော်ဝန်၏သားဖြစ်ပြီး ကျန်းရှန့် သည် ကျန်းကော်ပိုရေးရှင်း၏ ဒုတိယမြောက် အမွေဆက်ခံသူဖြစ်သည်၊
ထို့နည်းတူစွာပင်… အဲနေရာမှာ ရပ်နေတဲ့ အခြားလူများအားလုံးသည် အထက်တန်းလွှာမိသားစုများထဲက အထင်ရှားဆုံး သူဌေးသားသမီးများများဖြစ်ကြသည်။ကျောင်းတံခါးအပြင်ဘက် မြင်ကွင်းက လူချောလေးများနှင့် ချောမောလှပသော မိန်းမချောလေးများ စုဝေးရောက်ရှိနေသည့် ပါတီပွဲတစ်ခုလိုမျိုး ဖြစ်နေသည်။
ရှန်တ အထက်တန်းကျောင်း ၏ ခမ်းနားထည်ဝါသော ကျောင်းတံခါးများကို နောက်ခံအဖြစ် ထားလိုက်သောကြောင့် ၎င်းသည် The Heirs တရုတ်ဗားရှင်းကို ရိုက်ကူးနေသလိုမျိုးပင် ဖြစ်နေသည်။
သို့သော် လူတိုင်းသည် သူတို့ အလယ်မှာ ရပ်နေတဲ့ ကောင်မလေးကို ကြည့်ရင်း ပဟေဋ္ဌိဖြစ်နေကြသည်။
ယုတ္တိရှိအောင် ပြောရရင် မုရှောင်းရှောင်လို အရေးမပါတဲ့သူက သူတို့နဲ့ အတူ လျှောက်လှမ်းဖို့ မထိုက်တန်ဘူး၊ လျှောက်ဖို့နေနေသာသာ နောက်ကနေပဲ ကုပ်ကုပ်ကလေး လိုက်သင့်တယ် မဟုတ်လား?
သူမက ဘာလို့ အလယ်မှာ ရပ်နေတာလဲ။
ယင်းရှောင်ကျဲ သည် သူမ၏ ဘယ်ဘက်တွင် ရပ်နေပြီး ဟန်ချီချင်က သူမ၏ ညာဘက်တွင် ရပ်နေသည်မှာ ပို၍ပင် အံ့သြသွား စေသည်။ ဟန်ချီချင်သည် မုရှောင်းရှောင်လက်ကို လွတ်တမ်းချစ်ခင်စွာ ဆုပ်ကိုင်ထားပြီး စုန်ရှီကျွင်း သည် ယင်းရှောင်ကျဲကိုပင် ကျော်ဖြတ်ကာ မုရှောင်းရှောင်နှင့် စကားစမြည်ပြောဆို နေခဲ့ပြီး သူ၏ မျက်နှာသည် ဂုဏ်ယူနေဟန် အသွင်ဆောင် နေသည်။
ဒါက ဘယ်လိုအခြေအနေလဲ !
ပွင့်ပွင့်လင်းလင်း ပြောရရင် အခု ဒါကဘာတွေဖြစ်နေတာလဲ?
YOU ARE READING
ချစ်ခြင်းဘီလီယံ 2 ( Billion of Pampering Only For You 2 )
RomanceThis Novel is not my owned. I am just translate it to Myanmar .(Unicode +ZawGyi) All Credits give to the owner . I don't own any creations . All creations go to original author and Eng translators. ချစ်ခြင်းဘီလီယံ 2 ငယ်ပေါင်းကြီးဖော်တွေဖြစ်တဲ့...