Unicode
အပိုင်း - ၁၅၉ ကာကွယ်သည်
"ဒါပေမယ့် လုရိချန် စာမှာ အရမ်းကို ထူးချွန်တယ်။ ကျောင်းက သူ့ကို ခေါ်ဖို့ ပိုက်ဆံတွေ အများကြီးသုံးထားတဲ့အပြင် စိန့်မာရီယာ အင်စတီကျုကလဲ သူ့ကို အလိုရှိခဲ့တယ်။ ငါတို့ကျောင်းကလဲ သူ့ကို နှင်ထုတ်လို့ မရဘူး။ နောက်ဆုံးတော့ တစ်ခုတည်းပဲ။ ဟိုကောင်လေးက နှင်ထုတ်နိုင်ခဲ့ပေမယ့် ယင်း ရှောင်ကျဲက လုရိချန်ကို မောင်းမထုတ်နိုင်ခဲ့ဘူး အဲဒါက သူစိတ်ထဲမှာ တစ်စုံတစ်ခု စွဲမြဲနေခဲ့တယ်ထင်တယ် ။"သူမရဲ့ရိုးရှင်းတဲ့အကြောင်းအရာတွေကို ရှင်းပြပြီးနောက် သူမရဲ့ပါးစပ်ကနေ
"ယင်းရှောင်ကျဲက မောက်မာတဲ့လူလို့ နင်မထင်ဘူးလား။ သူက ကျောင်းမှာ ဥပဒေမဲ့ပြုမူပြီး အသေးအဖွဲအရာတစ်ခုကြောင့် တစ်ယောက်ယောက်ကို နှင်ထုတ်လိုက်တာ။ သူက အရမ်းစိတ်သ ဘောထားကျဉ်းမြောင်းတယ်!"
ဒါကိုကြားတော့ မုရှောင်းရှောင်က သဘောမတူစွာ မျက်မှောင်ကြုတ်လိုက်မိတယ်။
"အဲ့ဒီကောင်လေးက သူ့ကို စိတ်ဆိုးအောင် ဘာလုပ်ခဲ့လဲ နင် သိလား"
မုရှောင်းရှောင် စပ်စုစွာ မေးလိုက်မိတယ်။
"ဟင့်အင်း ၊ ငါမသိဘူး"
ဟန်ချီချင်က က ခေါင်းယမ်းရင်း အဖြေပြန်ပြောသည်။
မုရှောင်းရှောင် ရုတ်တရက်ထထိုင်ပြီး သူမကို မပျော်ရွှင်စွာကြည့်လိုက်သည်။
"ဒါဆို ဒီလိုကောက်ချက်ချလို့မရဘူး။ အဲဒါက အသေးအမွှားကိစ္စတစ်ခုပဲလို့ ဘယ်လိုသိလဲ။ ကျဲ က စိတ် သဘောထားကျဉ်း မြောင်းတယ်လို့ပြောရအောင် သူ အဲလိုလူမဟုတ်ဘူး!"
ယင်းရှောင်ကျဲ သည် တစ်ခါတစ်ရံတွင် အနည်းငယ် ရက်စက်ကြမ်းကြုတ်တတ်သော်လည်း သူသည် စိတ်သဘောထားကျဉ်းတဲ့သူမဟုတ်ပေ။ ဟန်ချီချင် ရုတ်တရက်လည်း ထထိုင်ကာ သူမကို လှမ်းကြည့်ကာ
"နင် သူ့ကို ဘာလို့ ဒီလောက် အကာအကွယ် ပေးနေတာလဲ၊ မင်းက အခု သူနဲ့ တွဲနေတာ ဟုတ်လို့လား၊ ငါနဲ့ အတူတူ ရှုံ့ချမယ်လို့ ငါ ထင်ခဲ့တာ။"။
YOU ARE READING
ချစ်ခြင်းဘီလီယံ 2 ( Billion of Pampering Only For You 2 )
RomanceThis Novel is not my owned. I am just translate it to Myanmar .(Unicode +ZawGyi) All Credits give to the owner . I don't own any creations . All creations go to original author and Eng translators. ချစ်ခြင်းဘီလီယံ 2 ငယ်ပေါင်းကြီးဖော်တွေဖြစ်တဲ့...