အပိုင်း -၂၅၃

801 50 0
                                    

Unicode

အပိုင်း ၂၅၃ - သူက ဖြောင့်မတ်မှန်ကန်တဲ့ လူကြီးလူကောင်းတစ်ယောက်လို့ ငါ မထင်ဘူး

မုရှောင်းရှောင် ယင်းရှောင်ကျဲစကားကို အစပိုင်းတွင် စဉ်းစားနေခဲ့သော်လည်း မနက်စာဟူသော စကားလုံးကို ကြားလိုက်ရသည်နှင့် သူမဗိုက်က ဂွီခနဲ ငြီးတွားလာပြီး သူမအာရုံများ လွင့်ပျံသွားရသည်။

ငါ အရမ်းဗိုက်ဆာနေတယ်။ မနက်စာ အရင်စားရအောင်။

ရေပူစမ်း ဗီလာမှာ မနက်စာက အမျိုးမျိုးရှိသည်။ တရုတ်အစားအစာတွေအပြင် နိုင်ငံအသီးသီးက အစားအစာတွေလည်း ရနိုင်သည်။

အဝတ်အစားလဲပြီးနောက် မုရှောင်းရှောင် ဟန်ချီချင် ကိုရှာဖွေရန် စဉ်းစားလိုက်သည်။

သို့သော် သူမ တံခါးကိုဖွင့်လိုက်သောအခါတွင် ကြမ်းပြင်ပေါ်သို့ ဟပ်လျားထိုး လဲကျလုနီးပါးဖြစ်နေတဲ့ ဟန်ချီချင်ကို တံခါးဝတွင် တွေ့လိုက်ရသည်။

ကံကောင်းစွာနဲ့ပဲ စုန့်ရှီကျွင်းက သူမရဲ့ခါးနောက်ကနေ ကိုင်ထားခဲ့သည်။

"ချီချင် နင် အဆင်ပြေရဲ့လား? နင် ငါ့တံခါးကို ဘာလို့ မှီထားရတာလဲ။ နင်တို့နှစ်ယောက် အပြင်မှာ ဘာလုပ်နေတာလဲ"

မုရှောင်းရှောင် အံ့ဩသွားပြီး မေးလိုက်သည်။

ဟန်ချီချင်က ပြုံးပြုံးရွှင်ရွှင်နဲ့

"အိုး၊ ဘာမှမဟုတ်ပါဘူး! မနက်စာအတူတူစားလို့ရအောင် နင့်ကိုလာ ခေါ်နေတာ။ နင် အိပ်ပျော်နေသေးတယ်လို့ ငါတို့ ထင် နေတာ "

မုရှောင်းရှောင် က သူ့မကိုယ်သူမ အကြောဖြေ ဆန့်တန်းပြီး

"ငါ စောနကတည်းက နိုးနေတာ "

လို့ပြောလိုက်သည်။ဘ

သူမတို့သုံးယောက် ယင်းရှောင်ကျဲ ကိုစောင့်နေစဉ်တွင် အခန်းအတွင်းရှိ မီနူးကို ကြည့်နေလိုက်သည်။

ယင်းရှောင်ကျဲ က သုံးယောက်ကိုကြည့်ရင်း အနောက်ကနေ ထွက်လာပြီး

သ"မင်းတို့ သုံးယောက် ဘာလို့ တံခါးဝမှာ လာစုနေတာလဲ"

မုရှောင်းရှောင် က သူ့ကို လှည့်ကြည့်ပြီး

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now