အပိုင်း -၂၇၈

737 48 0
                                    

Unicode

အပိုင်း ၂၇၈-  ငါ မင်းကို ဘာလို့ နမ်းလို့ မရ ရမှာလဲ?

ငါ့ဘဝက မင်းအတွက်...

ထိုစကားလေးတစ်ခွန်းကြောင့်ပင် သူမနှလုံးသားထဲပေါက်ဖွားလာသော ဝမ်းနည်းကြေကွဲမှုက ချက်ချင်းဆိုသလို ဖယ်ရှားပစ်လိုက်နိုငါသည်။

မုရှောင်းရှောင်သူ့ဘက်သို့လှည့်လိုက်ရင်း သူမ မျက်လုံးတွေကို ဝိုင်းနေအောင် လုပ်လိုက်ကာ ယင်းရှောင်ကျဲကို ကြည့်လိုက်ပြီး

“တကယ်လား”

နင့်ဘဝက ငါ့အတွက်မို့ ငါသာ ထိန်းချုပ်နိုင်လို့ရမလား။
အခြားမည်သူမှ မတတ်နိုင်တဲ့ အရာပေါ့

“ဟုတ်တယ် တကယ်ပါဆို”

ယင်းရှောင်ကျဲ က သူ့ခေါင်းကို လေးလေးနက်နက် ငြိမ့်ပြလိုက်သည်။ ထို့နောက် သူ့မျက်နှာသည် သူမနှင့် ရုတ်တရက် နီးကပ်လာပြီး သူမက မမြင်နိုင်အောင် ဆိုးဆိုးရွားရွား ပြုံးလိုက်ပြီး

“ဒါဆို မင်းက ငါ့ကို ဘာလုပ်ချင်လဲ။ မင်း ဘာမဆို လုပ်နိုင်တယ်။"

အီး  ..…နောက်ဆုံးစာကြောင်းက ဘာကြောင့် ဒီလောက် ထူးဆန်းတဲ့ အသံကြီးထွက်လာရတာလဲ

မုရှောင်းရှောင် က ရှက်သွားပြီး သူမ သူ့ကို နောက်သို့ အနည်းငယ် တွန်းလိုက်သည်။

"နင့်ကို ဘယ်သူက ဘာလုပ်ချင်နေလို့လဲ!"

နှစ်ယောက်သား နီးကပ်လာသောအခါ သူမ၏ နှလုံးသားသည် အထိန်းအကွပ်မဲ့စွာ ပြေးခုန်လာခဲ့သည်။ ခပ်ခွာခွာနေတာ  ပိုကောင်းတယ်။

ယင်းရှောင်ကျဲသာ သိသွားရင် သေချာပေါက် ရယ်နေတော့မှာမို့ သူမရင်ခုန်နေတဲ့ နှလုံးခုန်သံကို သူ့ကို မကြားစေချင်ဘူး။

သို့သော်လည်း ထိုနတ်ဆိုးသည် သူနှင့် နီးကပ်လာသည့်အပြင်

"တကယ်ပဲ မင်း ဘာမှ မလုပ်ချင်ဘူးလား? အရမ်းအသုံးဝင်တယ် နော်။ ဥပမာ…"

"အဲ့ဒီအကြောင်း မပြောနဲ့တော့!"

မုရှောင်းရှောင် သည် သူ့ပါးစပ်ကို ဖုံးထားရန် လက်ကိုရုတ်တရက် ဆန့်ထုတ်လိုက်ပြီး အရှက်သည်းကာ စကားဆက် မပြောမိ။
သူမသည် လူဆိုးကောင်၏ ချုပ်နှောင်မှုကင်းမဲ့မှုကို ကြုံတွေ့ခဲ့ရပြီးဖြစ်သည်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now