အပိုင်း -၂၇၉

730 43 0
                                    

Unicode

အပိုင်း ၂၇၉- ကျိုးကြောင်းဆီလျော်မှုမရှိ ယုတ္တိမရှိသော။

ဆိုဖာပေါ်မှာတော့ မုရှောင်းရှောင် ထွက်ခွာသွားတာကို ကြည့်ပြီး ယင်းရှောင်ကျဲ က ချက်ချင်း မလိုက်ဘဲ ငြိမ်ငြိမ်လေး ထိုင်နေလိုက်တယ်။

အချိန်အတော်ကြာပြီးနောက် သူသည် သွားများအံကြိတ်ကာ ခေါင်းကိုမော့ပြီး နောင်တရသော မျက်လုံးများဖြင့် ပြည့်နှက် နေသော လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ကာ ဆိုဖာကို ထိုးကြိတ်ကာ အော်ဟစ်လိုက်သည်။

နောက်နေ့ မနက်

မုရှောင်းရှောင် သည် ဆာလောင်မှုဝေဒနာကြောင့် နိုးလာရသည်။

မနေ့ညက ဗိုက်ဆာနေပြီလို့ ပြောခဲ့သေးသည်။
သို့သော်လည်း ယင်းရှောင်ကျဲ က သူမကို စိတ်ဆိုးအောင်လုပ်ပြီး နောက်အိပ်ရာမဝင်ခင် ဘာမှမစားရခဲ့။

သူမသည် အိပ်ငိုက်နေပြီး နိုးထရန် ဝန်လေးနေသေးသော်လည်း သူမသည် ဗိုက်ဆာလွန်းသဖြင့် နိုးထရန်ကလွဲ ရွေးချယ်စရာမရှိတော့ပေ။

“ဗိုက်ဆာလွန်းတယ်…”

လို့ တိုးတိုးလေး ရွတ်လိုက်တယ်။အပျင်းကြောဆန့်ကာ ဘေးမှာ လူရှိမရှိ ကြည့်လိုက်မိသည်။

အမှန်မှာ ယင်းရှောင်ကျဲ ၏ မျက်နှာသည် သူလက်နှင့် နီးကပ်နေပြီး  နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသေးသည်။ သူပးက မျက်လုံးများကိုမှိတ်ထားကာ သူ့မျက်တောင်များသည် မိန်းကလေးတစ်ယောက်ထက် ပိုရှည်ပြီး  ကော့ညွှတ်နေပြီး  သူ၏မျက်နှာအသွင်အပြင်တွင်  စူးရှ  ရိုင်းစိုင်းသော အကြည့်များ မရှိပေ။ ဒဏ္ဍာရီပုံပြင်ထဲက အံဝင်ခွင်ကျမင်းသားလေးလို နူးညံ့သိမ်မွေ့စွာ အိပ်ပျော်နေသည်။

မုရှောင်းရှောင် သည် သူ့မျက်နှာကို စိုက်ကြည့်ရင်း ရုတ်တရက် အံ့ဩသွားခဲ့သည်။

မနေ့ညက ဆိုဖာပေါ်မှာ အိပ်ဖို့ ပြောခဲ့တာ မဟုတ်ဘူးလား။

သူ ဘယ်လိုဝင်လာတာလဲ!

မုရှောင်းရှောင် ဒေါသထွက်သွားသည်။
ဤလူယုတ်မာကို မယုံနိုင်။ ဆိုဖာပေါ်မှာ အိပ်ခိုင်းခဲ့ပေမယ့် အိပ်ခန်းထဲကို ဝင်လာသည်။ သူ့လုပ်ရပ်က  ကျိုးကြောင်းဆီလျော်မှုမရှိခဲ့။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now