Unicode
အပိုင်း - ၁၅၂ ငါ မင်းပါးစပ်ကို ပိတ်သွားအောင် တစ်ခုခုကို အရမ်း လုပ်ပစ်ချင်နေတယ်
မုရှောင်းရှောင် တရုတ်ပြည်မှ ယောက်ျားမိန်းမပေါင်းသင်းဆက်ဆံရေးကို ဘယ်လိုရှိသည်ကို သေချာမသိသော်လည်း အမေရိကမှာတုန်းကတော့ သူမဆီမှာ ဆန့်ကျင်ဘက်လိင် ယောက်ျားလေး သူငယ်ချင်းများစွာရှိသည်။ လုရိချန်နဲ့ သူမတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ရိုးရိုးသားသားဖြစ်ပြီး အချစ်ဇာတ်လမ်း ဖြစ်လာနိုင်တဲ့ အရိပ်အမြွက်ပင် လုံးဝမရှိ။
ယင်းရှောင်ကျဲ က အသက်ပြင်းပြင်းရှူပြီး ဒီကောင်မလေးကို စိတ်ဆိုးစွာကြည့်မိသည်။ ဒီလူဆိုးမလေးက သူ့ကို ဆန့်ကျင်ဖို့ ကြိုးစားနေတာလား။
"ဟုတ်ပြီ မင်းကို ယုံရင်တောင် ဒီကောင်က ရည်းစားရှိတယ်၊ သူက မင်းကို အရမ်းစိတ်ပူပြပြီး မင်းနဲ့ အရမ်းတွဲသွားတွဲလာလုပ်နေတာ၊ သူ့မှာ ဟိုစိတ်တွေ မရှိဘူးလို့ ပြောနိုင်လို့လား ? အဲဒါကို မင်း ဘယ်လိုလုပ်မှာလဲ ? "
သူမသာ တစ်ခုခု ထပ်ပြောရင် ယင်းရှောင်ကျဲ ဒီငတုံးရဲ့ဦးခေါင်းခွံကို ဖောက်ထုတ်ပြီး သူ့ခေါင်းထဲမှာ တစ်ခုခုရှိနေလားဆိုတာ ကြည့်ချင်နေမိလိမ့်မယ်။ မုရှောင်းရှောင် ဘယ်လိုတောင် သတိမရှိရတာလဲ ။ သူ့စကားကြောင့် မုရှောင်းရှောင် အေးခဲသွားတာကို ယင်းရှောင်ကျဲ တွေ့လိုက်ရသည်။
"သူ... သူ ငါ့ကို မကြိုက်ဘူး!ဒါ နင့် ထင်ကြေးတွေပဲ ?"
ယင်းရှောင်ကျဲ က အေးစက်စွာ ရယ်မောလိုက်သည်
"ငါပြောတာ အမှန်တရားပဲ၊ တခြား ဘာထပ်ပြောရဦးမလဲ၊ သူက ရည်းစားရှိရုံတင်မကဘူး မင်းလို အူတူတူအတတ ကောင်မလေးနဲ့ လျှောက်လည် နေသေးတယ် ။ လှည့်စားတတ်လွန်းတယ် ။ ဒါတောင် မင်းက အဲလိုမျိုး သူငယ်ချင်းလိုချင် နေသေးတာလား၊ မုရှောင်းရှောင် အရူးတစ်ယောက်လား?"
"အဲ့လိုမဟုတ်ဘူး! သူ့မှာရည်းစားမရှိဘူး!"
မုရှောင်းရှောင် စိုးရိမ်တကြီးအော်လိုက်သည်။ သူမ လုရိချန် ကို လျှို့ဝှက် ပေးထားရန် ဆိုတဲ့ ကတိကို ချိုးဖောက်မိသည့်အတွက် စိတ်ထဲတွင် တောင်းပန်ခဲ့သော်လည်း ယခုကဲ့သို့သော အခြေအနေမျိုးတွင် ထုတ်ဖော်ရန်မှလွဲ၍ သူမမှာ ရွေးချယ်စရာမရှိ။
YOU ARE READING
ချစ်ခြင်းဘီလီယံ 2 ( Billion of Pampering Only For You 2 )
RomanceThis Novel is not my owned. I am just translate it to Myanmar .(Unicode +ZawGyi) All Credits give to the owner . I don't own any creations . All creations go to original author and Eng translators. ချစ်ခြင်းဘီလီယံ 2 ငယ်ပေါင်းကြီးဖော်တွေဖြစ်တဲ့...