Unicode
အပိုင်း - ၂၅၄ - ထိန်းချုပ်စွမ်းပျောက်ဆုံးခြင်း။
မုရှောင်းရှောင် ပြောတာကိုကြားတော့ ဟန်ချီချင်ဟာ ခဏလောက် ကြောင်သွားသည်။ ရုတ်တရက် သူမမျက်နှာပေါ်၌ ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာပြီး
"နင် တကယ် ပြောနေတာလား... သူ ညခင်းကြီးကို ရေအေးနဲ့ ချိုးလိုက်ရတာတာလား"
မုရှောင်းရှောင် က ခေါင်းညိတ်လိုက်ပြီး ချီချင် ပြန်မေးလိုက်သည့် အရာကို အံ့အားသင့်သွားဟန်ဖြင့်
"ငါ့ကို ပြော အိပ်ခန်းထဲမှာ အိပ်နေတာက ရေချိုးတာနဲ့ ဘာဆိုင်လို့လဲ? ဘာမှလဲ မဆိုင်ဘူး!"
ဟန်ချီချင် ပါးစပ်ကိုပိတ်ကာ အသာ ကြိတ် ရယ်မောလိုက်သည်။
" ဆက်စပ်တာပေါ့ဟယ်!"
"ဘယ်လို ဆက်စပ်တာလဲ"
မုရှောင်းရှောင် က သူမကို အံ့သြစွာ ကြည့်လိုက်သည်။
"သိပ်ကို တုံးပါလား! ရှောင်းရှောင်၊ နင် တကယ်ပဲ လေးနှစ် လောက် တောမှာ နေခဲ့တာလားလို့ ငါတကယ်သံသယဖြစ်မိတယ်။ အဲဒီက ယဉ်ကျေးမှုက ဘာပဲပြောပြော ပွင့်လင်းပါတယ် ။ အဲဒါ ဘာကိုဆိုလိုလဲ နင်တကယ် မသိဘူးလား "
ဟန်ချီချင်က ခေါင်းခါပြီး သူမရဲ့ နုံအမှု သနားသလိုကြည့်သည်။
"ဘာလို့လဲ? ငါ့ကို အရင်ဖြေပါ၊ အဲဒီတစ်ခုက နောက်တစ်ခုနဲ့ ဘာဆိုင်လို့လဲ"
မုရှောင်းရှောင် သူမကို တုံးခံသည်ဟု အခေါ်ရခံခြင်းအတွက် ပြင်းပြင်းထန်ထန် မကျေမနပ် ဖြစ်နေသည်။
ဟန်ချီချင် သည် ဘေးနားမှ စုန့်ရှီကျွင်း ကို တစ်ချက်ကြည့်လိုက်ပြီး သူကြားသွားမှာကို ကြောက်သဖြင့် သူမသည် မုရှောင်းရှောင် ၏ လက်နှစ်ဖက်ကို ဆွဲကာ ထောင့်တစ်နေရာသို့ ရောက်သွားခဲ့သည်။
ထို့နောက် မုရှောင်းရှောင် ၏ နားရွက်ကို လက်နှစ်ချောင်းဖြင့် အုပ်ထားရင်း
“ရေအေးချိုး တယ်ဆိုတာ … သူကို နင်က လှု့ံဆော်လိုက်လို့ ။ သူ့ကိုယ်သူ မထိန်းနိုင်တော့ဘူးလို့ တွေးထားလို့ နင်နဲ့ မအိပ်ချင်တာ ။ နင် အခုနားလည်ပြီလား?"
KAMU SEDANG MEMBACA
ချစ်ခြင်းဘီလီယံ 2 ( Billion of Pampering Only For You 2 )
RomansaThis Novel is not my owned. I am just translate it to Myanmar .(Unicode +ZawGyi) All Credits give to the owner . I don't own any creations . All creations go to original author and Eng translators. ချစ်ခြင်းဘီလီယံ 2 ငယ်ပေါင်းကြီးဖော်တွေဖြစ်တဲ့...