အပိုင်း ၂၃၇ - စူးစမ်းခြင်း (၁)
ရေပူစမ်း ဗီလာ
မြို့ထဲမှ ရေပူစမ်းအိမ်သို့ သွားရသည့် အကွာအဝေးသည်မဝေးသော်လည်း မုရှောင်းရှောင် ၏နှောင့်နှေးမှုကြောင့်သူတို့ရောက်ရှိချိန်မွန်းတည့်နေပြီဖြစ်ကြောင်း သိရသည်။
နေ့လည်စာစားပြီးနောက် မိန်းကလေးနှစ်ယောက်သည် ပန်းခင်းများကိုကြည့်ကာ အသားကုန် အော်ဟစ် နေကြသည်။
နှင်းဆီဥယျာဉ်ကို ရောက်တဲ့အခါမှာတော့ အဝေးက ကြည့်ရတာတောင်လှ နေတဲ့ ပန်းရောင် ရေမွှေးနှင်းဆီခင်းတွေကို တခေါ်ကြီး တွေ့လိုက်ရသည်။ အခြား တစ်ဖက်မှာတော့ နှင်းဆီပန်းတွေ ရောင်စုံ ပွင့်နေတဲ့ နှင်းဆီခင်းက အပြိုင် လှနေသည်။
"ချီချင်၊ ကြည့်။ အဲဒါ လာဗင်ဒါ မဟုတ်ဘူးလား"
မုရှောင်းရှောင် သည် အဝေးမှ ခရမ်းရောင် ကွက်လပ်တစ်ခုကို စိတ်လှုပ်ရှားစွာ ညွှန်ပြလိုက်သည်။
ဟန်ချီချင်က မုရှောင်းရှောင်ပြောတဲ့အတိုင်း ခေါင်းညိတ်ကာ
"ဟုတ်တယ်! အဲ လာဗင်ဒါက ပြင်သစ်နိုင်ငံ Provence မှ အစားထိုးစိုက်ပျိုးထားတာဆိုတော့ နင် တွေ့တာ လာဗင်ဒါအစစ်ဖြစ်မယ်။ ဒီမှာ အလှဆီလိုမျိုး လာဗင်ဒါဆီတွေကိုလည်း ရောင်းတယ်။ Essential Oil ကြိုက်ရင် နောက် ဝယ်လို့ရတယ်"
မုရှောင်းရှောင်၏ မျက်လုံးများသည် ချက်ချင်းပင် တောက်ပလာသည်။
"တကယ်လား? ပြီးရင် ငါနည်းနည်းလိုချင်တယ်!"
သူမက ယင်းရှောင်ကျဲ ကို လှည့်ကြည့်ပြီး
"ပြန်ရင် ဝယ်ဖို့ သတိပေးဦးနော် ။ မမေ့နဲ့!"
ယင်းရှောင်ကျဲသည် သူ့အိတ်ကပ်ထဲသို့ လက်တစ်ဖက်ကို ထည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်ပြီး
“ဘာအတွက် ဝယ်မှာ လဲ။ အိမ်မှာ မသုံးဖို့ ငါ တားတယ်!”
ထိုအချိန်တွင် ယင်းရှောင်ကျဲ သည် ရနံ့များ အလွန်ထိလွယ်ရှလွယ်ဖြစ်ပြီး အမွှေးရနံ့ကို မကြိုက်ကြောင်း မုရှောင်းရှောင် သတိရမိသည်။ ဝယ်ထားရင်တောင် အိမ်မှာသုံးလို့ မရဘူး။
YOU ARE READING
ချစ်ခြင်းဘီလီယံ 2 ( Billion of Pampering Only For You 2 )
RomanceThis Novel is not my owned. I am just translate it to Myanmar .(Unicode +ZawGyi) All Credits give to the owner . I don't own any creations . All creations go to original author and Eng translators. ချစ်ခြင်းဘီလီယံ 2 ငယ်ပေါင်းကြီးဖော်တွေဖြစ်တဲ့...