Unicode
အပိုင်း ၂၈၃- မနာလို သ၀န်တိုစိတ် ခံစားရခြင်း။
ဒေါသများ ပြည့်လျှံနေသော အန်းဖူရန် သည် မုရှောင်းရှောင် ကို တွန်းထိလုနီးပါး ထွက်လာခဲ့သည်။
“ ငါ့ * ပဲ ”
ဟု မုရှောင်းရှောင်ကို ဒေါသတကြီး ဟောက်လေသည်။
မုရှောင်းရှောင် ၏တုံ့ပြန်မှုသည် အနည်းငယ်နှေးကွေး နေပြီး အန်းဖူရန် သည် သူမအား တွန်းထုတ်ကာ ရိုက်တော့မည်ဖြစ်သည်။
နောက်တစက္ကန့်တွင် အနက်ရောင်သဏ္ဌန် လူရိပ်တစ်ခု ထွက်ပေါ်လာပြီး အန်းဖူရန်၏လက်ကို တစ်ရှိန်ထိုး ဆုပ်ကိုင်လိုက်သည်။
မုရှောင်းရှောင် သည် သူမရှေ့တွင် ရှိနေသည့် ယင်းရှောင်ကျဲ ကိုအနည်းငယ် အူကြောင်ကြောင်ကြည့်နေမိသည်။
သူအခန်းထဲမှာ မဟုတ်ဘူးလား။ သူဘာလို့ ဒီလောက်မြန်ရတာလဲ။
ယင်းရှောင်ကျဲ သည် အန်းဖူရန် ကို အေးစက်စွာ စိုက်ကြည့်ရင်း ဒေါသအမှောင်မျက်လုံးများဖြင့်
"ခင်ဗျား သူမကို ဘယ်လိုလုပ် အော်ရဲရတာလဲ"
“ငါ.... ငါ …”
အန်းဖူရန် သည် သူ လို လူကြီး တစ်ယောက်က အသက်ဆယ့်ရှစ်နှစ်အောက် လူငယ်တစ်ဦးကြောင့် ထိတ်လန့်တုန်လှုပ်သွားရမည်ဟု စိတ်ကူးမယဉ်ခဲ့ဖူးပေ။
အခုဆို သူ့နှလုံးသားက ဒေါသတွေ ပြည့်နှက်နေသည်။
တံခါးဖွင့်လိုက်တာနဲ့ မုရှောင်းရှောင် ကိုတွေ့တော့ သူက အနိုင်ကျင့်ဖို့ လွယ်ကူတဲ့ပစ်မှတ်ကို ရှာတွေ့ပြီ ထင်ပြီး သူမကို အော်ငေါက်နိုင်မယ်လို့ တွေးလိုက်တာပင်။"အအ - ! တောင်းပန်ပါတယ် တောင်းပန်ပါတယ်! ငါက မှားတာပါ!"
အန်းဖူရန်၏လက်သည် တင်းကျပ်စွာ ဆုပ်ကိုင်ထားခြင်းခံရတာကြောက် ပြတ်ထွက်လုနီးပါးဖြစ်ကာ နာကျင်ခြင်းကြောင့် ချွေးအေးများ ထွက်လာသည်။
ယင်းရှောင်ကျဲ က သူ့ကို အဝေးသို့ တွန်းထုတ်ပစ်လိုက်သည်။
“ ထွက်သွား ! ခင်ဗျားကို နောက်တစ်ခေါက် ထပ်မတွေ့ရစေနဲ့!"
အန်းဖူရန် သည် ရက်ရက်စက်စက်ပဲ မြေပြင်ပေါ်သို့ လဲကျသွားသည်။ ကြောက်ရွံ့ထိတ်လန့်စွာဖြင့် သူသည် အလျင်အမြန် တွားသွားကာ ထွက်သွားတော့သည်။
ESTÁS LEYENDO
ချစ်ခြင်းဘီလီယံ 2 ( Billion of Pampering Only For You 2 )
RomanceThis Novel is not my owned. I am just translate it to Myanmar .(Unicode +ZawGyi) All Credits give to the owner . I don't own any creations . All creations go to original author and Eng translators. ချစ်ခြင်းဘီလီယံ 2 ငယ်ပေါင်းကြီးဖော်တွေဖြစ်တဲ့...