အပိုင်း -၂၆၂

763 53 0
                                    


Unicode

အပိုင်း ၂၆၂ - သူ နင့် ကို ဘယ်လို ဖွင့်ပြောခဲ့လဲ။

ရက်အနည်းငယ်အကြာ

ရှန်တ အထက်တန်းကျောင်းတွင်

လစဉ် စာမေးပွဲ အောင်စာရင်းကို ထုတ်ပြန်ကြေညာသောအခါ လုရိချန် ၏ ရလဒ်များသည် တစ်ကျောင်းလုံးကို အံ့အားသင့်စေခဲ့ပြီး ကျန်ကျောင်းသားများကလဲ  ထိပ်တန်းကျောင်းသားတစ်ဦးဖြစ်ခြင်း၏ အဓိပ္ပါယ်ကို အားကျနေသည်။

နောက်ပိုင်းတွင် သူ ဒဏ်ရာရတော့ သင်္ချာပြိုင်ပွဲကို မပြိိုင်နိုင်တော့မည်ကို ကျောင်းမှ အစပိုင်းတွင် စိုးရိမ်ခဲ့ကြသော်လည်း ကံကောင်းထောက်မစွာပင် သူ၏လက်သည် အနာကျက်ပြီး ပြိုင်ပွဲ မတိုင်ခင် အပြည့်အဝနီးပါး ပြန်လည်ကောင်းမွန်လာခဲ့သည်။

ဒီနေ့ဟာ သင်္ချာပြိုင်ပွဲအတွက် လုရိချန်  B မြို့တော်ကိုသွားမယ့်နေ့ပင်။

လုရိချန် ကို သဘောကျတဲ့ မိန်းကလေးတွေက သူ ပြိုင်ပွဲဝင်မယ့် သတင်းကြားတာနဲ့ ကျောင်းတံခါးဝမှာ စုရုံးနေကြသည်။

"ရှင်က အကောင်းဆုံးပဲ  စီနီယာရိချန် ! ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ မမေ့ပါနဲ့ နော်။ လက်နာရင် အတင်းမလုပ်နဲ့ နော်။"

"အကောင်းဆုံးလုပ်နော် စီနီယာရိချန်! ရှင်  ပထမဆုရလိမ့်မယ်လို့ ညီမတို့ယုံတယ်”

" ရှင့်ရဲ့အောင်ပွဲကို ကြိုဆိုဖို့ ကျောင်းမှာ ညီမတို့စောင့်နေမယ်”

အားပေးသံများ အဆက်မပြတ် ထပ်ခါထပ်ခါပင် ။

မုရှောင်းရှောင်ကို  ဟန်ချီချင်က  လူအုပ်အလယ်ကနေ ရှေ့သို့ ဆွဲခေါ်သွားခဲ့သည်။

"လုရိချန်!"

လုရိချန် ကားထဲသို့ဝင်ခါနီးတွင် ဟန်ချီချင် က အရူးအမူးအော်လိုက်သည်။

လုရိချန် သည် ကားပေါ်တွင် ခြေချနေပြီဖြစ်သော်လည်း ဟန်ချီချင်၏အသံကိုကြားလိုက်ပြီး မုရှောင်းရှောင်ကိုမြင်သဖြင့် ကားပေါ်မှဆင်းခဲ့သည်။ပြီး‌တော့ သူမဆီသို့ လျှောက်သွားကာ ပေါ့ပေါ့ပါးပါး ပြုံးပြလိုက်သည်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )حيث تعيش القصص. اكتشف الآن